အမေရိကန်ဟာသရုပ်သံဇာတ်လမ်းတွဲ Veep ၌ ပါဝင်သရုပ်ဆောင်ရင်း ထူးချွန်ဆုများဆွတ်ခဲ့သော မင်းသမီး ဂျူလီယာလူဝီဒရေးဖက်စ်က သူမသည် ရင်သားကင်ဆာ ရောဂါဝေဒနာကို ခံစားနေရပြီဖြစ်ကြောင်း တွစ်တာမှ တဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။
“အမျိုးသမီး ၈ဦးမှာ ၁ဦးဟာ ရင်သားကင်ဆာရောဂါ ခံစားနေရပါတယ်။ ကျွန်မဟာလည်း အဲ့ဒီထဲကတစ်ယောက် ပါပဲ” ဟု သူမက သူမ၏လူမှုမီဒီယာအကောင့်၌ ရေးသားခဲ့သည်။
ဆက်လက်ပြီး “ သတင်းကောင်းကတော့ ကျွန်မရဲ့မိသားစုနဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအားလုံးက ကျွန်မကို အားပေးနေကြပါတာပါပဲ” ဟု သူမက တွစ်တာ၌ရေးသားခဲ့သည်။
အသက် ၅၆နှစ်အရွယ်ရှိ မင်းသမီးဂျူလီယာသည် Saturday Night Live ၊ The New Adventures of Old Christine နှင့် Seinfeld စသော ရုပ်သံအစီအစဉ်များ၌လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
ယခုလအစောပိုင်းက လူဝီဒရေးဖက်စ်သည် HBO မှထုတ်လွှင့်သော ဟာသရုပ်သံဇာတ်လမ်းတွဲ Veep ၌ ထုတ်ဖော်ပြသခဲ့သည့် သူမ၏ပြောင်မြောက်သော သရုပ်ဆောင်အရည်အသွေးများကြောင့် ခြောက်ကြိမ်မြောက် Emmy ရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးခဲ့သည်။