ဗြိတိန်အဆိုတော်ရီတာအိုရာသည် လန်ဒန်မြို့တွင်ကျင်းပမည့် MTV Europe ဂီတဆုပေးပွဲ၌ အစီအစဉ်မှူး အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ထိုဆုပေးပွဲအခမ်းအနားကို ဥရောပတိုက်ရှိ မတူညီသောနိုင်ငံများတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ဗြိတိန်မှ လန်ဒန်မြို့တွင် ကျင်းပမည်ဖြစ်သည်။
“ကျွန်မဒီဆုပေးပွဲကို ငယ်ငယ်လေးကတည်းက အမြဲတမ်းစောင့်ကြည့်လေ့ရှိပါတယ်” ဟု ကိုဆိုဗိုနွယ်ဖွား ရီတာ က ပြောခဲ့သည်။ ဆက်လက်ပြီး “ ကျွန်မက ဥရောပတိုက်သားဖြစ်တဲ့အတွက် MTV Europe ဆုပေးပွဲနဲ့ ပက်သက်ပြီး အမှတ်တရအများကြီးရှိခဲ့ပါတယ်” ဟု သူမက ပြောခဲ့သည်။
နိုဝင်ဘာလ ၁၂ရက်နေ့တွင် ဝမ်ဘလေရှိ SSE Arena ၌ ကျင်းပမည့် ထိုဆုပေးပွဲတွင် ရီတာအိုရာက သီချင်းများ ဖြင့် ဖျော်ဖြေသွားမည်ဟုလည်း သိရသည်။
ထိုနေရာ၌ကျင်းပမည်ဆိုကြောင်းကို လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ပြီးခဲ့သော ဖေဖေါ်ဝါရီလကတည်းက ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုလအစောပိုင်းကလည်း ရီတာအိုရာသည် BBC ၏ Radio 1 ရေဒီယိုအစီအစဉ်၌ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ သည်။