ဘာစီလိုနာအသင်းက ယခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အူစမာနီဒမ်ဘီလီဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းကို ပေါင် ၉ သန်းနီးပါးထိ သက်သာစေမှာဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။
ဘာစီလိုနာက ဂီတာဖေးကို ၂-၁ နဲ့ နိုင်တဲ့ စနေနေ့လာလီဂါပွဲစဉ်မှာ ဒမ်ဘီလီဟာ ပထမပိုင်းမပြီးခင်မှာတင် လူစားလဲခဲ့ရပြီး ဆေးစစ်မှုတွေအရ တံကောက်ကြောဆုတ်ပြဲသွားတာဖြစ်ပြီး (၄)လခန့် အနားယူရမှာဖြစ်ပါတယ်။
ဘာစီလိုနာသမိုင်းတလျောက် ဈေးအကြီးဆုံးကစားသမား ဒမ်ဘီလီဟာ ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် စပိန်ကလပ်အသင်းဆီ ရောက်ရှိခဲ့ပါတယ်။
ဒါပေမယ့် အသက် ၂၀ အရွယ်ကစားသမားရဲ့ ဒဏ်ရာပြဿနာကြောင့် အပြုသဘောဆောင်တဲ့ အချက်ကို တွေ့ရပါတယ်။
ဘာစီလိုနာနှင့် ဒေါ့မွန်တို့ နှစ်သင်းကြား ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ သဘောတူညီချက်ထဲမှာ အချက်တစ်ချက်ဖြစ်တဲ့ ကစားသမားဟာ ၂၀၁၇-၁၈ ရာသီမှာ ပွဲ(၅၀) ကစားခဲ့ရပါက ဒေါ့မွန်အသင်းကို ယူရို ၁၀ သန်း (ပေါင် ၈.၈ သန်း) ထပ်ဆောင်းပေးအပ်ရမယ့် အချက်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒမ်ဘီလီဟာ (၄)လခန့် အနားရမှာဖြစ်တဲ့အတွက် အဆိုပါပွဲအရေအတွက်ကို ပြည့်မီတော့မှာ မဟုတ်ပေ။
အပိုဆုကြေးအပါအဝင် ဒမ်ဘီလီရဲ့ ပြောင်းရွှေ့ကြေးအပြည့်အဝဟာ ပေါင် ၁၃၈ သန်းဝန်းကျင်ထိ ရောက်ရှိမယ်လို့ ထင်ရပါတယ်။
နောက်ထပ် သဘောတူညီချက်တစ်ခုဟာ ဒမ်ဘီလီဟာ နောက်လာမယ့် ၅ နှစ်အတွင်း ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရရှိခဲ့ပါက ဘာစီလိုနာအသင်းက ပေါင် ၈.၈ သန်း ပေးချေရမှာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ လာလီဂါ (၃)ပွဲကစားခဲ့ပြီးနောက် ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။
Ref; Express