စက်တင်ဘာ ၁၆ ။ ။ ယမန်နေ့က လန်ဒန်မြေအောက်ရထားတစ်စီးပေါ်မှာ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံမှာ အကြမ်းဖက်အန္တရာယ် စိုးရိမ်ရမှုကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်တို့ ထုတ်ပြန်ထားပါတယ်။
ယခုအခါ နိုင်ငံမှာ အဓိက လူစည်ကားရာ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားတော့မှာဖြစ်တယ်ဆိုပြီး ဝန်ကြီးချုပ် ထရီဇာမေက ကြေညာပါတယ်။
ဒါ့အပြင် နိုင်ငံမှာ အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှုအဆင့်ကို "ကြီးလေးတဲ့ အဆင့်" ကနေ "သေရေးရှင်ရေးတမျှ အရေးကြီးလာပြီဖြစ်တဲ့ အဆင့်" အဖြစ်ကို တိုးမြင့်သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ယင်း လုံခြုံရေး စိုးရိမ်ရမှုအဆင့်ကို တိုးမြှင့်လိုက်ခြင်း၏ အဓိပ္ပါယ်က နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှု ထပ်ဖြစ်လာနိုင်တော့မယ်ဆိုပြီး သတိပေးထားခြင်းလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ ရက်ကတော့ လန်ဒန်မြေအောက်ရထားတစ်စီးပေါ်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူပေါင်း ၂၉ ဦး ထိ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။
ယခုအခါ အဓိကအရေးပါသည့် နေရာများတွင် ရဲဝန်ထမ်းများအစား စစ်တပ်က အစားထိုးတာဝန်ယူ စောင့်ကြပ်တော့မည်ဖြစ်ကြောင်း ထရီဇာမေက ထုတ်ပြန်သွားပါတယ်။
ယခုအချိန်ထိ မြေအောက်ရထားပေါ် ဗုံးလာထားသွားသူ အကြမ်းဖက်တရားခံတွေကို လိုက်လံရှာဖွေနေလျက်ရှိပြီး လို့လည်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အဆိုပါ မြေအောက်ရထား ဗုံးခွဲတိုက်ခိုက်မှုဟာ မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။