စက်တင်ဘာ ၁၃၊ မန်ချက်စတာ။ ။ ဘေဆယ်ကိုအနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၎င်း၏ကစားသမားများသည် ပလေးစတေရှင် (ဘောလုံးဗီဒီယိုဂိမ်း) ကစား သကဲ့သို့ သဘောထားခဲ့ကြသည်ဟု မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက စွပ်စွဲပြစ်တင်လိုက်သည်။
ယူနိုက်တက်သည် ချန်ပီယံလိဂ်သို့တစ်ကျော့ပြန်ရောက်လာခဲ့ရာတွင် အိုးထရက်ဖို့ဒ်၌ ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ကစား သမားများ၏ ဒုတိယပိုင်းကစားပုံအပေါ် မော်ရင်ဟိုက မကျေမနပ်ဖြစ်နေသည်။
“၂-၀ ဖြစ်တဲ့အထိ ကျွန်တော်တို့ အေးဆေးပဲ။ ယုံကြည်မှုရှိရှိနဲ့ ကစားနေတာ။ ၂-၀ နောက်ပိုင်းလည်းရောက်ရော အားလုံး ပြောင်းလဲသွားတော့တာပဲ။ အားစိုက် မကစားတော့ဘူး။ ဆုံးဖြတ်တာတွေလည်း မမှန်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးတော့တယ်။ ဖန်တက်ဆီဂိမ်း၊ ပလေးစတေရှင်ဂိမ်းကစားသလိုလုပ်တော့တာပဲ။ အလှအပတွေလျှောက် လုပ်တာကို ကျွန်တော်မကြိုက်ဘူး။
ကျွန်တော်တို့ အလောင်းအစားလုပ်သလိုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်အပေါ်လေးစားဖို့လိုတယ်။ ဂိုးကွာခြားချက်ပေါ်မူတည်လာ မလား ကျွန်တော်မသိဘူး။
ကျွန်တော်တို့ရဲ့ နေရာ၊ ပုံစံပျောက်ဆုံးခဲ့သလို လွယ်တဲ့အနေအထားမှာတောင် ဘောလုံးဆုံးခဲ့ရတယ်။ ကစားသမားတွေ အရမ်းအေးဆေးလွန်းနေတာကို ကျွန်တော်မကြိုက်ဘူး”ဟု မော်ရင်ဟိုက ပြောသည်။
Ref; BBC