ကျန်းမာရေးကိစ္စကြောင့် အမေရိကန်၌ဖျော်ဖြေမည့် အစီအစဉ်ကို တွမ်ဂျံုးစ်ရွှေ့ဆိုင်း

ကျန်းမာရေးကိစ္စကြောင့် အမေရိကန်၌ဖျော်ဖြေမည့် အစီအစဉ်ကို တွမ်ဂျံုးစ်ရွှေ့ဆိုင်း

 

ဗြိတိန်ပေါ့ပ်ကြယ်ပွင့်ကြီး တွမ်ဂျုံးစ်သည် လာမည့်ဗုဒ္ဓဟူးနေ့တွင် အမေရိကန်၌ စတင်ကျင်းပရန်စီစဉ်ထားသော နယ်လှည့်ဖျော်ဖြေပွဲအား ကျန်းမာရေးကိစ္စကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း တွစ်တာမှတဆင့် ပရိသတ်များကို အသိပေးခဲ့သည်။

It’s Not Unusual နှင့် Sex Bomb တို့ ကဲ့သို့သော သီချင်းများဖြင့် နာမည်ကြီးခဲ့သည့် အသက် ၇၇နှစ်အရွယ်ရှိ ဝေးလ်အဆိုတော်ကြီးသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ပန်ဆယ်ဗေးနီးယားပြည်နယ် ဘက်သ်လယ်ဟမ် မြို့၌ စတင်ဖျော်ဖြေသွားရန် ကနဦးက စီစဉ်ထားသော်လည်း ဆရာဝန်များ၏ သတိပေးချက်ကြောင့် ယခုလို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

“ကျန်းမာရေးကိစ္စများကြောင့် ဆာတွမ်ဂျုံးစ်ဟာ စိတ်မကောင်းစွာနဲ့ပဲ အမေရိကန်မှာ ပြုလုပ်မယ့် နယ်လှည့် ဖျော်ဖြေပွဲအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်” ဟု ရေးသားထားသော ထုတ်ပြန်ချက်တစ်ခုကို သူ၏ တွစ်တာ၌ ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲ၌ “ ဖျော်ဖြေပွဲရက်တွေကို ပြန်လည်ဇယားဆွဲနေပြီး လာမည့် ၂၀၁၈ခုနှစ် မေလနှင့် ဇွန်လ တို့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ တွမ်ဂျုံးစ်ဟာ သူ့ရဲ့ပရိသတ်တွေကို အနူးအညွတ်ပဲ တောင်းပန်လိုက် ပါတယ်” ဟု ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required