တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ INFINITE မှ အဆိုတော်ဟိုးရာ ထွက်ခွာတော့မည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့တွင် Woollim Entertainment အေဂျင်စီက အတည်ပြုကြေညာခဲ့သည်။
အဆိုပါအေဂျင်စီက “ INFINITE ရဲ့အဖွဲ့သားဖြစ်သူ ဟိုးရာရဲ့ စာချုပ်ဟာ ၂၀၁၇ခုနှစ် ဇွန်လ ၉ ရက်နေ့ ကတည်းက ပြည့်သွားခဲ့ပါပြီ။ သူဟာကျနော်တို့နဲ့အတူ လွန်ခဲ့တဲ့ ၇ နှစ်လုံး အတူတူရှိခဲ့ပါတယ်” ဟု ရေးသား ခဲ့သည်။ ထို့နောက်တွင် အေဂျင်စီက ၎င်းတို့သည်ဟိုးရာအား စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဇွန်လကတည်းက စည်းရုံးပြောဆိုခဲ့သော်လည်း သူ၏အိပ်မက်များကို အကောင်အထည်ဖော်ဖို့ အခြားလမ်းကိုရွေးချယ်ခဲ့သော ကြောင့် အေဂျင်စီအနေဖြင့် သူ၏ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
Woollim Entertainment က “ ဟိုးရာကို စာချုပ်သက်တမ်းမတိုးနိုင်ပေမယ့် INFINITE ရဲ့ အခြားအဖွဲ့ဝင်တွေ ဖြစ်တဲ့ ကင်မ်ဆန်ဂု၊ ဂျန်ဒေါင်ဝူး၊ နမ်ဝူးဟွမ်း၊ လီဆန်းယိုလ်၊ အယ်လ် နဲ့ လီဆန်းဂျောင်တို့ကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပါတယ်။ ယခုအဖွဲ့နဲ့ပဲ အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ ကျနော်တို့စီစဉ်ထားပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။