ရန်ကုန်၊ သြဂုတ် ၂၉ ။ ။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ ငှားရမ်းနေထိုင်သည့် နေအိမ်အတွင်းမှ ဖဲလောင်းကစားနေသူ ၇ ဦးကို လောင်းကြေးငွေကျပ် တစ်သိန်းကျော်နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့မှ သြဂုတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ဖဲလောင်းကစားရာတွင် ဖမ်းဆီးရမိသူများမှာ အသက် ၂၃ နှစ်အရွယ် ခင်သီတာထွန်း၊ အသက် ၂၂ နှစ်အရွယ် သင်ဇာဖြိုး၊ အသက် ၃၅ နှစ်အရွယ် သူဇာဦး၊ အသက် ၃၄ နှစ်အရွယ် နေဝင်းအောင်၊ အသက် ၄၂ နှစ်အရွယ် ထွန်းထွန်းဝင်း၊ အသက် ၂၅ နှစ်အရွယ် ထွန်းအောင်ကျော်ဆိုသူနှင့် အသက် ၂၆ နှစ်အရွယ် မအောင်ချမ်းမိုးတို့ကို လောင်းကြေးငွေကျပ် ၁၁၅,၁ဝဝ (တစ်သိန်းကျော်) နှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖဲလောင်းကစားနေသူ ၇ ဦးအား သြဂုတ်လ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်အချိန်က မဟာအောင်မြေမြို့ မရဲတပ်ဖွဲ့မှ လောင်းကစား သ တင်းအရ သက်သေများနှင့်အတူ ရဲမွန်တောင်ရပ်ကွက်ရှိ အသက် ၂၃ နှစ်အ ရွယ် ခင်သီတာထွန်းဆိုသူ အမျိုးသမီး ငှားရမ်းနေထိုင်သည့် နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာမှ ခင်သီတာ ထွန်းအပါအဝင် ၇ ဦးကို ဖဲလောင်းကစားရာတွင် အသုံးပြုသောပစ္စည်းများ၊ လောင်းကြေးငွေ နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖဲလောင်းကစားရာတွင် အသုံးပြုသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ခင်သီတာထွန်းအပါအဝင် ၇ ဦးကိုအား မဟာအောင်မြေ မြို့မရဲစခန်းတွင် (ပ)၅၄၄/၂၀၁၇ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) အရ အမှု ဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။