အဆိုတော် IU သည် Epik High အဖွဲ့၏ မကြာခင်တွင် ထွက်ရှိတော့မည့် အယ်လ်ဘမ်အသစ်ထဲ၌ ပါ၀င်သီဆိုမည်ဖြစ်ကြောင်း သူမ၏အေဂျင်စီက အတည်ပြုခဲ့သည်။
IU သည် လာမည့်အောက်တိုဘာလတွင် ဖြန့်ချီမည့် Epik High ၏ ကိုးချပ်မြောက် အယ်လ်ဘမ်ထဲ၌ ပါ၀င် သီဆိုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၅ရက်နေ့တွင် သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ထိုဖော်ပြချက်နှင့်ပက်သက်ပြီး IU ၏ အေဂျင်စီဖြစ်သော YG Entertainment က “ Epik High ရဲ့ အယ်လ်ဘမ် အသစ်ထဲမှာ IU ဟာ ကူညီသီဆိုပေးဖို့ သဘောတူခဲ့ပါတယ်” ဟု အတည်ပြုပေးခဲ့သည်။ ဒါ့အပြင် “သူတို့ဟာ ဒီအယ်လ်ဘမ်ကို ဒီနှစ်အတွင်းမှာပဲ ထွက်ရှိနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့်လာမယ့် ဆောင်းဦးရာသီမှာ အခွေထွက်နိုင်ဖို့ စဉ်းစားနေကြပါတယ်” ဟု အေဂျင်စီက ဆက်လက်ပြောကြားခဲ့သည်။
Epik High သည် တောင်ကိုရီးယား၏ နာမည်ကျော်ဟစ်ဟော့ပ်အဖွဲ့ဖြစ်ပြီး ၄င်းတို့၏ ၈ ချပ်မြောက်အယ်လ်ဘမ် ကို လွန်ခဲ့သော ၃ နှစ်အကြာက ထွက်ရှိထားခဲ့သောကြောင့် ၄င်းတို့၏ အယ်လ်ဘမ်အသစ်ကို မျှော်လင့်နေကြ သော ပရိသတ်များအတွက် ယခုသတင်းသည် ၀မ်းသာစရာသတင်းတစ်ခုဖြစ်သည်။