မန်ယူအသင်းသည် ယမန်နှစ်က အသင်းအတွက် ခြေစွမ်းပြကစားခဲ့သော တိုက်စစ်မှူးအီဗရာဟီမိုဗစ်ကို ၁ နှစ်စာချုပ် ပြန်လည်ချုပ်ဆိုလိုက်ပြီဖြစ်သည်။
အသက် ၃၅ နှစ်အရွယ်ရှိ မိုဗစ်သည် ပြီးခဲ့သည့်ရာသီက ၄၆ ပွဲကစားပြီး ၂၈ ဂိုးအထိသွင်းယူပေးခဲ့သူဖြစ်သည်။
ဆယ်တာဗီဂိုနှင့်ကစားခဲ့သော ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲတွင် ဒူးဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသခံခဲ့ရကာ အနားယူနေခဲ့ရသူဖြစ်သည်။ ယခုဒဏ်ရာမှာ ပြန်လည်သက်သာလာသည့်အတွက် မန်ယူကစာချုပ် ပြန်လည်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် မိုဗစ်က "ကျွန်တော်စခဲ့တဲ့အရာကို အဆုံးသတ်ဖို့ ပြန်လာပါပြီ။ အသင်းက ကျွန်တော့်ကိုဆက်ရှိနေစေချင်တယ်ဆိုတာကို စိတ်ထဲအမြဲရှိပါတယ်။ အိုးထရက်ဖို့ဒ်မြက်ခင်းပေါ်ပြန်လာဖို့မစောင့်နိုင်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်အခြေအနေကို ကိုယ်ကောင်းကောင်းသိပါတယ်။ အမြန်ဆုံးပြန်ကစားနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ" ဟု ဆိုသည်။
မိုဗစ်သည် မန်ယူအသင်းတွင် ရွန်နီ၏ကျောနံပတ် ၁၀ ဂျာစီကိုဝတ်ဆင်ကစားမည် ဖြစ်သည်။
မော်ရင်ဟိုကလည်း ဗိုဗစ်၏ဒဏ်ရာအလျင်အမြန် ပြန်လည်သက်သာလာပြီး အသင်းနှင့်ပြန်လည်ပူးပေါင်းသည့်အတွက် ၀မ်းသာမိကြောင်းနှင့် မိုဗစ်မှာဒုတိယရာသီဝက်တွင်အသင်းအတွက်အရေးပါသည့် ကစားသမားဖြစ်လာမည်မှာ သံသယဖြစ်စရာမရှိကြောင်း ဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်