ရန်ကုန်၊ သြဂုတ် ၂၂ ။ ။ Myanmar Idol Season 2 Winner ဖြစ်တဲ့ အဆိုတော် သားငယ်ဟာ အခုလောလောဆယ်မှာ ပထမဆုံးတစ်ကိုယ်တော်အခွေထွက်ဖို့ အတွက် ကြိုးပမ်းနေပြီး ပရိသတ်တွေ မျှော်လင့်နေသလို ကိုယ်ပိုင်သီချင်းတွေ သီဆိုနိုင်တော့မှာ ဖြစ်ပါတယ်။
သားငယ်ကို အားပေးတဲ့ ပရိသတ်တွေထဲမှာ လူတန်းစားအစုံ ပါ၀င်တာကြောင့် ပရိသတ်တိုင်းအတွက် ပထမဆုံးအခွေမှာ သီချင်းအမျိုးအစားစုံစုံလင်လင် ထည့်သွင်းသွားမှာ ဖြစ်ပြီး ဂီတအမျိုးအစားအစုံ ပါ၀င်မှာဖြစ်တယ်လို့ သားငယ်က ပြောပါတယ်။
"တီးတာကတော့ ရ၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ဆိုတာကတော့ ဆိုနေပြီ။ ဟိုနေ့ကပဲ ကျွန်တော် ဒိတ်တွေယူပြီး ဆိုနေပြီ။ အတန်အသင့်ပေါ့ဗျာ၊ ပြီးတော့ ပြီးနေပြီ။ ဆက်ပြီးတော့ လုပ်ရဦးမှာပေါ့။ မြန်မြန်လောလောကြီး မလုပ်ချင်ဘူး။ ကောင်းကောင်းကန်းကန်းလေးထွက်အောင်လို့လေ " လို့ အဆိုတော် သားငယ်က အခွေရဲ့ လက်ရှိအခြေအနေကို ပြောပါတယ်။
ပြိုင်ပွဲတုန်းက သီချင်းတွေကိုပဲ ထပ်တလဲလဲ သီဆိုနေတဲ့အတွက် သားငယ်ရဲ့ ပရိသတ်တွေကတော့ တစ်ကိုယ်တော်အခွေအမြန်ဆုံး ထွက်ဖို့ တိုက်တွန်းနေကြပါတယ်။ ဒါကြောင့် ဒီတစ်ကိုယ်တော်ခွေကို လာမယ့် Myanmar Idol Season 3 မစခင်မှာ ထုတ်ဝေနိုင်ဖို့ ကြိုးစားနေတယ်လို့ သားငယ်က ပြောပါတယ်။
အဆိုတော် သားငယ်ဟာ ပြီးခဲ့တဲ့ Myanmar Idol Season 2 မှာ ပြိုင်ဘက်ဖြစ်တဲ့ ဘီလီလမင်းအေးကို ကျော်ဖြတ်ပြီး Winner အဖြစ် ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။