မန်ယူကစားသမားဟောင်းနှင့် အဲဗာတန်အသင်း တိုက်စစ်မှူးဖြစ်သူ ဝိန်းရွန်းနီဟာ မန်စီးတီးအသင်းနှင့် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သက်တမ်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၀၀) ပြည့် စံချိန်မှတ်တမ်းတစ်ခုကို ရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၃၁ နှစ်ရှိ ရွန်းနီဟာ အဲဗာတန်အသင်းသို့ တစ်ကျော့ပြန် ပြောင်းရွှေ့ခဲ့ချိန်မှာ (၂)ပွဲကစား (၂)ဂိုးသွင်းကာ အခုလို ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ပြည့် ဂိုးကို ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၂၀၀ ပြည့်မြောက်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။
လက်ရှိ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ နယူးကာဆယ်နှင့် ဘလက်ဘန်းတိုက်စစ်မှူးဟောင်း အလန်ရှီးယားက သွင်းဂိုး (၂၆၀)ဖြင့် စံချိန်မှတ်တမ်းတင်ထားခဲ့ပါတယ်။
ရွန်းနီဟာ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ဖူးပါတယ်။
ရွန်းနီဟာ ဂိုး (၁၅၆)ကို ညာခြေ၊ (၂၃)ဂိုးကို ဘယ်ခြေ၊ (၂၁)ဂိုးကို ခေါင်းဖြင့် အသီးသီး သွင်းယူခဲ့ပါတယ်။ သူဟာ အခုလို ဂိုး (၂၀၀)ပြည့်ဖို့ ပွဲပေါင်း (၄၆၂)ပွဲ ကစားခဲ့ပါတယ်။
Ref; ESPN