ရန်ကုန်၊သြဂုတ်၁၉ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် H1N1ရောဂါပိုးဖြင့် သေဆုံးသူ(၁)ဦးစီတိုးလာခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရသိရသည်။
သြဂုတ်လ ၁၇ ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် H1N1ရောဂါပိုးတွေ့ရှိသူ(၃)ဦးရှိခဲ့ရာမှ သြဂုတ်(၁၈)ရက်နေ့၌ လူနာ(၁)ဦးသေဆုံးသွားခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးတွင် H1N1ရောဂါပိုးတွေ့ရှိသူ (၁၅)ဦးနှင့် သေဆုံးသူ(၁)ဦးရှိခဲ့ရာမှ ရောဂါတွေ့ရှိသူ(၁၆)ဦးနှင့် သေဆုံးသူ(၂)ဦးဖြစ်လာခဲ့သည်။
ရောဂါပိုးတွေ့ရှိသူအနေဖြင့် တစ်ရက်အတွင်း(၅)ဦးတိုးလာခဲ့ပြီး သေဆုံးသူ(၂)ဦး တိုးလာခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသ(၁၃)ခုတွင် ဇူလိူင်(၂၁)ရက်နေ့မှ သြဂုတ်လ(၁၈)ရက်နေ့အထိ H1N1ရောဂါတွေ့ရှိသူ (၂၈၂)ဦးတွင် သေဆုံးသူ(၂၉)ဦး ရှိနေခဲ့သည်။
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ရောဂါဖြစ်ပွားမှုသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဘူတန်နိုင်ငံနှင့် အင်ဒိုနီးရှားတို့၌လည်း တွေ့ရှိရသည်။
H1N1ဖြစ်ပွားသည့် အိမ်နီးချင်းနိုင်ငံများထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် (၁၂၀၆၀)ဦးဖြင့် အများဆုံးဖြစ်နေပြီး အိန္ဒိယနိုင်ငံသည်(၁၃၁၈)ဦး၊ နီပေါနိုင်ငံသည် (၄၈၀)ဦးရှိကြောင်း ယခုနှစ် ဇန်နဝါရီ(၁)ရက်မှ သြဂုတ်လ(၅)ရက်အထိ ကမ႓ာ့ကျန်းမာရေးအဖွဲ့၏ Flu Net Websiteမှ ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုစာရင်းထဲတွင် မြန်မာနိုင်ငံသည် H1N1ဖြစ်ပွားသူ (၁၃၆)ဦးရှိနေခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် (၂၈၂)ဦး ရှိနေသည်။
လက်ရှိတွင်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Operation manager နှင့် တာဝန်ကျဂိတ်ဝန်ထမ်းအဖွဲ့ကို တစ်ဦးလျှင် လစာ ၃ ရက်စာဖြတ်တောက်ခြင်းနှင့် ဝန်ခံကတိပြု ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။