ဘာစီလိုနာအသင်းဟာ နေမာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းကြေးရရှိပြီးနောက်ပိုင်း ၎င်းတို့ ပထမဆုံး ခေါ်ယူစာချုပ်ခဲ့တဲ့ ကစားသမားကတော့ ဘရာဇီးကွင်းလယ်လူ ပေါ်လင်ဟိုပဲဖြစ်ပါတယ်။ စပိန်ကလပ်က ကစားသမားအတွက် တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဖြင့် ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ပေါ်လင်ဟိုဟာ လက်မှတ်ထိုးရန် ဆေးစစ်မှုခံယူမှုကို ကြာသပတေးနေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပေါ်လင်ဟိုရဲ့ စာချုပ်မှာ ယူရိုသန်း ၁၂၀ တန်ကြေးရှိ စာချုပ်လျော်ကြေးကို ဘာစီလိုနာအသင်းက ထည့်သွင်း ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာဆီရောက်လာကြတဲ့ နောက်ခံလူတွေဖြစ်တဲ့ ဆမီဒိုနှင့် မာလွန် ဆန်းတို့စ်နှင့် တိုက်စစ်ကစားသမား ဒယ်လိုဖူတို့ပြီးနောက် ပေါ်လင်ဟိုဟာ ၄ ဦးမြောက် ကစားသမားဖြစ်ပါတယ်။
ဘာစီလိုနာဟာ စပိန်စူပါဖလား ပ-ကျော့ အိမ်ကွင်းမှာ ရီးယဲလ်ကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် မကြာခင်မှာပဲ ပေါ်လင်ဟိုကို ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။
စပါးကစားသမားဟောင်း ပေါ်လင်ဟိုဟာ ၂၀၁၅ ခုနှစ်က ကွမ်ကျိုးအဲဗားဂရန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂နှစ်အတွင်း အသင်းတွက် ၉၅ပွဲ ကစားကာ ၂၈ဂိုး သွင်းယူခဲ့ပါတယ်။
(EFE_EPA)