အင်္ဂလန်ကလပ် မန်ယူအသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ နည်းပြ ဟိုဆေးမော်ရင်ဟိုက သောကြာနေ့က ပြောကြားလိုက်ပါတယ်။
အသက် ၃၅ နှစ်ရှိ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး သူဟာ ဇွန် ၃၀ ရက်နေ့မှာ အေဂျင့်အလွတ်ဖြစ်ခဲ့ပါတယ်။
"ပြီးခဲ့တဲ့နှစ်က သူလုပ်ဆောင်ခဲ့တာတွေဟာ သူ့အတွက် မလုံလောက်ဘူးလို့ သူ ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်လို့ ကျနော် ထင်မိပါတယ်။"လို့ မော်ရင်ဟိုက ဒီရာသီပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဝက်စ်ဟမ်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"သူဟာ ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ သူ တွေးထင်ထားပြီး အမြင့်ဆုံးအဆင့်မှာ ပိုပြီး ရှိနေချင်တာကြောင့် ကျနော်တို့ ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ ရာသီရဲ့ ဒုတိယပိုင်းအတွက် ကျနော်တို့နဲ့အတူ သူရှိနေဖို့ ဖြစ်နိုင်ခြေကို ကျနော်တို့ ဆွေးနွေးနေပါတယ်။"လို့ ရီးယဲလ်နည်းပြဟောင်းက ပြောပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပူးပေါင်းခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ သရဲနီတွေနဲ့ ပြီးခဲ့တဲ့ရာသီက (၄၆)ပွဲကစားပြီး (၂၈)ဂိုး သွင်းကာ အသင်းကို ယူရိုပါလိဂ်နှင့် လိဂ်ဖလားရရှိအောင် ကူညီခဲ့ပါတယ်။
(EFE_EPA)