မိုးဦးကျမှာ အပင်အကိုင်းများကို ဖြတ်ပြီး စိုက်ပျိုးမယ်ဆိုပါက နောက်နှစ် မိုးဦးကျကာလမှာ ပန်းများကို စတင်ခူး ဆွတ်ရမှာပဲ ဖြစ်ပါတယ်၊ ဥများကတော့ မိုးဦးကျကာလမှာ စတင်စိုက်ပျိုးပြီး ၂ လခန့် ကြာတဲ့ အခါမှာ စတင် ခူးဆွတ်နိုင်မှာလဲ ဖြစ်ပါတယ်။
ပန်းထိမ်ငိုပန်းတွေကတော့ ၁၀လပိုင်း အကျော်မှာ ပန်းပွင့်တာတွေ ရပ်နားသွားပြီး ၁၂ လပိုင်းလောက်မှာ အပင်တွေ ကျသွားမှာ ဖြစ်ပါတယ်။
၄လပိုင်း ကျော်လာရင်တော့ အပင်အကြွှင်းအကျန်တွေကို ဖြတ်ထုတ်ပြီး စိုက်ဘောင်တွေပေါ်ကို မီးရှို့ပြီး နွားခြေးမြေသြဇာကို ထည့်ရပါမယ် ပြီးရင်တော့ နေ့စဉ်ရေသွင်းပေး မယ်ဆိုရင်တော့ ပန်းများ စောစောပွင့်မှာပဲ ဖြစ်ပါတယ်။
ပန်းထိမ်ငိုပန်းခင်းကိုတော့ ၃ နှစ်အထိ စိုက်ပျိုးပြီးရင်တော့ ဥများကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ပေးရန် လိုအပ်ပါတယ်။ အဓိက ကျရောက်တတ်တဲ့ ရောဂါတွေကတော့ အမြစ်ပုပ်ရောဂါ၊ ပင်စည်ပုပ်ရောဂါ တွေဖြစ်ပြီးတော့ ခြစားခြင်းနဲ့ ပိုးအနည်းငယ် ကျရောက်တတ်ပါတယ်။ အမြစ် ပုပ်ရောဂါ၊ ပင်စည်ပုပ် ရောဂါတွေကတော့ မျိုးကနေ ပါလာတတ်တာဖြစ်ပြီး မြေဆောင်ရောဂါ ဖြစ်သွားတတ်ပါတယ် ဒါကြောင့် မျိုးဝယ်ယူရာမှာ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။
အပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/30057
အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/30216