သြဂုတ်၁ ။ ။ စတူဒီယို ခေတ်ဦးကနေ ယနေ့ထိတိုင် ပရိသတ်အားပေးမှုရရှိနေတဲ့ အဆိုတော် ခိုင်ထူးဟာ အသည်းရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ညက သွေးအန်တာကြောင့် ဆေးရုံတက်ရောက်ကုသနေရပြီး ဒီနေ့အထိ စောင့်ကြည့် ကုသနေရဆဲ ဖြစ်ပါတယ်။ အသည်းရောဂါအပြင် အစာအူလမ်းကြောင်းမှာ ကျန်းမာရေးဆိုင်ရာပြဿနာ အနည်းငယ်ရှိတယ်လို့ အနီးကပ်စောင့်ရှောက်ပေးနေတဲ့ အနုပညာအသိုင်းအဝိုင်းက ပြောပါတယ်။
အဆိုတော်ခိုင်ထူး၏ အမျိုးသမီးမှာလည်း ကျန်းမာရေးအတွက် ကုသနေရပြီး အခု အဆိုတော် ခိုင်ထူးပါ ကျန်းမာရေးအတွက် ကုသနေရတာ ဖြစ်ပါတယ်။
ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ ခတ္တာ သီချင်းတွေအပါအဝင် ပရိသတ်အားပေးမှုအများကြီးရခဲ့တဲ့ အဆိုတော်ခိုင်ထူးအတွက် ဂီတအသိုင်းအဝိုင်းနဲ့ သူ့ပရိသတ်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
လတ်တလောအနေအထားမှာ စောင့်ကြည့်နေရဆဲ အခြေအနေဖြစ်ပြီး ဂီတအသိုင်းအဝိုင်းမှ ၀ိုင်းဝန်းကူညီစောင့်ရှောက်နေကြပါတယ်။