ပေါင်၊ ဇူလိုင်၊ ၃၁ ။ ။ ရွှေတိဂုံပုံတူဖူးမြော်စေတီနှင့် အတူ သာသနာဗိမာန်တော်ကိုကြီးတစ်ဆောင်ကို မွန်ပြည် နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မြို့သစ်၊ ပေါင်-ထန်းပင်ချောင်းကားလမ်းနံဘေးရှိ လက်ကွက်၌ တည်ထားလျက်ရှိကြောင်း ရွှေတိဂုံပုံတူဖူးမျှော်စေတီဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဟန်သိန်း ထံက သိရသည်။
ရွှေတိဂုံပုံတူဖူးမျှော်စေတီအား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)နေ့မှ စတင်ကာ တည်ထားလျက်ရှိပြီး စေတီရုပ်လုံးပေါ်ပြီးစီးမည့်အချိန်ထိ (၃)နှစ်ခန့် ကြာမြှင့်မည်ဖြစ်ပြီး စေတီ၏ဉာဏ်တော်အမြင့်(၄၆)ပေ၊ အကျယ်(၄၂)ပေ၊ အရံစေတီ (၆၄)ဆူဖြင့် ငွေကျပ်သိန်း (၅၀၀၀)ကျော်ကုန်ကျခံကာ တည်ထားသွားမည်ဟု ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
“ လွန်ခဲ့တဲ့နှစ်(၁၀၀)ကျော် ၀န်းကျင် ကတည်းက တပေါင်းလပြည့်နေ့ရောက်တိုင်း ဒီမြေ ကွက်လပ်မှာ ရွှေတိဂုံစေတီ၏ ဓါတ်ပုံပန်းချီကားတွေကို စားပွဲဝိုင်းပေါ်တင်ပြီး ရည်မှန်းပူဇော်ခဲ့ကြတာပေါ့”ဟု အသက်(၇၀)အရွယ်ရှိ ဒေသခံတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ရွှေတိဂုံဖူးမျှော်စေတီတည်ထားရန်အတွက် အလှူငွေ ကျပ်သိန်း (၁၂၀၀)ကျော် ရရှိထားပြီး လိုအပ်လျှက်ရှိသော ကုန်ကျစရိတ်အတွက် အလှူငွေများကို အလှူရှင်များအား ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
စေတိဂုံပုံတူဖူးမျှော်စေတီကော်မတီ ဥက္ကဌ ဦးမင်းဟန်သိန်း ဖုန်း-09793325109 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။