၁နှစ်သားအရွယ် ကွမ်းသီးပင်ကိုတော့ အဓိက ပေါင်းလိုက်ပေးခြင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်၊ အဓိကနွယ်ပင် တက်ခြင်း၊ ဖုံးအုပ်ခြင်းမရှိအောင် ဂရုပြု ရှင်းလင်းပေးရမှာပဲ ဖြစ်ပါတယ်။
ပြီးရင်တော့ မိုးဦးကြကာလတွေမှာ မြေသြဇာကျွေးခြင်း စတာတွေကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ပေါင်းမြက်များနေရင်တော့ ကြွက်များက အပင် ရဲ့အမြစ်တွေ ကိုက်ဖြတ် စားသောက်ကြတဲ့အတွက် ပေါင်းမြက်များကိုတော့ အထူးရှင်းလင်း ပေးရပါမယ်။
ကွမ်းသီးပင်တွေ အခြားပိုးတွေဖြစ်တဲ့ ရွက်နုစားပိုးတွေလ ဲကျရောက်တတ်ပါတယ်။ အပင်ကိုစိုက်ပျိုးပြီး ရနှစ် ဒါမှမဟုတ် ၈ နှစ်အကြာမှာ အသီးများကို စတင်ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျာ။
အပိုင်း ၁ အား အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/29439