ကျောက်ဖြူတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို တရားခံများနှင့် အတူ ဖမ်းဆီးရမိ

ကျောက်ဖြူတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို တရားခံများနှင့် အတူ ဖမ်းဆီးရမိ

ကျောက်ဖြူ၊ ဇူလိုင် ၆ ရက် ။              ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အောင်သစ္စာ အဝေးပြေးကားဂိတ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို ဇူလိုင် ၆ရက် နံနက် ၆ နာရီအချိန်က တရားခံနှစ်ဦးနှင့် အတူ ဖမ်းဆီးရမိကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ ဇူလိုင် ၆ရက် နံနက် ၆ နာရီဝန်းကျင် အောင်သစ္စာ အဝေးပြေးကားဂိတ်တွင် ကားမထွက်မီအချိန်၌ ရန်ကုန်သွားရန် ရောက်ရှိနေသည့် ခရီးသည်တစ်ဦးအား မသင်္ကာ၍ စစ်ဆေးကြည့်ရာမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၉၁ ပြားကို ဖမ်းဆီးရမိပြီး ဆက်စပ်နေသူ ကျောက်ဖြူမြို့နယ် င/လပွေ့ကျေးရွာနေ ဦးကျန်ထွန်းအေး (ဘ)ဦးအောင်သာထွန်း အသက် (၄၇)ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားကို ယနေ့ ၉ နာရီအချိန်တွင် ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ပြောသည်။  

ဖမ်းဆီးရမိသူများမှာ မြေပုံမြို့နယ် ချောင်းကျကျေးရွာမှ ဦးအောင်ညွန့်စိန်၏သား ဦးမောင်အေးနိုင်(ခ) ချက်ကြီး အသက် (၂၆) နှစ်နှင့် ကျောက်ဖြူမြို့နယ် င/လပွေ့ကျေးရွာမှ ဦးအောင်သာထွန်း၏သား ဦးကျန်ထွန်းအေး အသက် (၄၇) တို့ဖြစ်ကြသည်။ 

အဆိုပါတရားခံများအား ကျောက်ဖြူမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ ဥပဒေပုဒ်မ မူးယစ်(ပ) ၄/၂၀၁၇ အရ ၁၅/ ၁၉(က)/၂၀ (က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly