မင်းသား တွမ်ခရုဟာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ကွင်းသစ်ဖြစ်တဲ့ Wanda Metropolitano ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ စပိန်ကလပ်က တနင်္လာနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သရုပ်ဆောင် ဟောလိဝုဒ်စူပါစတားဟာ သူနဲ့အတူ "Mummy" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သူတွေဖြစ်တဲ့ အင်္ဂလိပ်သရုပ်ဆောင် မင်းသမီး Annabelle Wallis နှင့် ပြင်သစ်မင်းသမီး Sofia Boutella၊ ဒါရိုက်တာ Alex Kurtzman တို့ပါ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
တွမ်ခရုကို အက်သလက်တီကိုအသင်း ဥက္ကဌ စီရီဇိုနှင့် ကွင်းလယ်ကစားသမား ရှောလ်နီဂွတ်တို့က ကြိုဆိုခဲ့ကြပြီး ဧည့်သည်များကို ကွင်းသစ်ရဲ့ ဆောက်လုပ်ရေးကို လိုက်လံပြသခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ စက်တင်ဘာလလယ်ပိုင်းမှာ အဆိုပါ Wanda Metropolitano ကွင်းမှာ ပွဲစဉ်များကို လက်ခံကျင်းမှာနိုင်လိမ့်မယ်လို့ သိရပါတယ်။
အက်လလက်တီကိုသအင်းဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါ အမှတ်ပေးဇယားမှာ ဦးဆောင်သူ ချန်ပီယံ ရီးယဲလ်နှင့် ဒုတိယနေရာက ဘာစီလိုနာတို့နောက် တတိယနေရာမှာ ရပ်တည်ပြီးဆုံးခဲ့ပါတယ်။
© EFE_EPA