နယူးယောက်၊ မေ ၁၉ ။ ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တိုင်းမ်စ်စကွဲယားတွင် မေ ၁၇ ရက်က လူအုပ်အတွင်း ကားဖြင့် မောင်းဝင်ခဲ့သူသည် အမေရိကန်ရေတပ်က ဖြစ်ပြီး ပြစ်မှုဟောင်းရှိသူဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန်က ပြောသည်။
လူတစ်ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့သည့် ယင်းဖြစ်ရပ်သည် အစွန်းရောက်အကြမ်းဖက်မှုတစ်ရပ်အဖြစ် အာဏာပိုင်များက မယူဆကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။
“ခုလတ်တလော ရထားတဲ့ သတင်းအချက်အလက်တွေ အခြေခံအရဆို အကြမ်းဖက်ဝါဒလုပ်ရပ်မျိုး မတွေ့ရှိရပါဘူး။”ဟု မေ ၁၇ ရက် နေ့လည်ပိုင်းက ဖြစ်ပွားသည့် မတော်တဆမှု ဖြစ်ပွားရာ နေရာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ဆိုသည်။
သို့သော်လည်း အမေရိကန်၏ အထင်ရှားဆုံး နယူးယောက်မြို့က အဓိကနေရာများတွင် မြို့အာဏာပိုင်များက အကြမ်းဖျက်တိုက်ဖျက်ရေးယူနစ်မှ ရဲတပ်ရင်းများကို ဖြန့်ကြက်ချထားကြောင်း ၎င်းက ပြောခဲ့သည်။