မြန်မာနိုင်ငံ၏ MMA ဖိုက်တာ အောင်လအန်ဆိုင်း နှင့် Lion Energy Drink တို့ ကြော်ငြာရိုက်ရန် မတ်လ ၂၈ရက်က စာချုပ်ဆိုလိုက်ပြီဖြစ်သည်။
ကြော်ငြာထဲတွင် စကားပြောခန်းများသိပ်မပါသည့်အတွက် ရိုက်ရသည်မှာ အဆင်ပြေသည်ဟု Central Hotel တွင် ပြုလုပ်ခဲ့သည့် စာချုပ်ချုပ်ပွဲ အခမ်းအနားတွင် အောင်လအန်ဆိုင်းမှပြောသည်။
“စကားသိပ်မပြောရဘူးဆိုတော့ သိပ်မခက်ဘူး။ စကားပြောရရင်တော့ ကျွန်တော်က စကားသိပ်မပြောတတ်ဘူးဆိုတော့ နည်းနည်းခက်မယ်။ ဒါပေမယ့် သူတို့လုပ်ခိုင်းတာ ကျွန်တော်အမြဲတမ်း Gym မှာလုပ်တယ်ဆိုတော့ လွယ်တော့လွယ်ပါတယ်။ အဲဒီကြော်ငြာကို သူတို့ပြောတာ တစ်လလောက်နေရင် လွှင့်မယ်ပြောတယ်။”ဟု ၎င်းက ပြောသည်။
အောင်လအန်ဆိုင်းအနေဖြင့် ယခုလက်ရှိတွင် Training ဆင်းနေပြီး ယခုနှစ်ထဲတွင် အနည်းဆုံးနှစ်ပွဲကစားဖို့ရှိသည်ဟု သိရသည်။