ရန်ကုန်၊ မတ် ၂၁ ။ ။ တေးသံရှင်အားတီ၏ တတိယမြောက်တစ်ကိုယ်တော်ခွေဖြစ်သည့် Fat House အခွေကို ဧပရယ် လ ၂ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။
အဆိုပါအခွေထဲတွင် တေးသံရှင် အားတီမှ “အသဲကွဲတာတောင် ခပ်မာမာကွဲထားသည်” ဟု တေးစီးရီး၏ အဓိကအကြောင်းရင်းကို မတ်လ ၂၁ရက် နေ့လည်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြောသည်။
“အဓိက,က ဒီအခွေက Confident နဲ့ပတ်သက်ပါတယ်။ အသဲကွဲရင်တောင်မှ Confident ပေါ့။ Confident ရှိရှိနဲ့အသဲကွဲတာပေါ့။ ကိုယ်ကအပေါ်စီးကပဲ။ ပြတ်သွားရင်တောင် Sorry ပါပေါ့။ အဲဒီလိုမျိုး အကြောင်းအရာလေး ရေးထားတာပါ။ အသဲကွဲတာတောင် ဒီအခွေမှာ ခပ်မာမာအသဲကွဲတာဆိုတော့ Confident ပေါ့။” ဟုပြောသည်။
တစ်ကိုယ်တော်အခွေကို အမည်နှင့်ပတ်သက်၍ တေးသံရှင် အားတီက “Fat House ပေါ့၊ အိမ်ဝတုတ်ကြီးပေါ့။ အရမ်းကို Strong ဖြစ်တယ်ပေါ့။ ပြီးတော့ ကျွန်တော်က ဝတယ်။ သီချင်းအမျိုးအစားက House တွေများတယ်ဆိုတော့ အဲဒီနှစ်ခုပေါင်းပြီး Fat House ဖြစ်သွားတာပါ” ဟု တေးစီးရီးအမည်၏ အဓိပ္ပာယ်ကို ရှင်းပြသည်။
အဆိုပါအခွေကို Bo Bo Music Production မှ ဖြန့်ချိမည်ဖြစ်ပြီး သင်္ကြန်တွင်းကဲလို့ကောင်းမည့်အခွေဟု Bo Bo Music Production မှ ကိုဘိုစန်းက မှတ်ချက်ပြုသည်။
“ဒီအခွေမှာက Change တွေ House တွေပါပါတယ်။ ဒီအခွေမှာ ငြိမ့်ငြိမ့်လေးတွေနဲ့ ကဲလို့ရတဲ့ သီချင်လေးတွေလည်းပါပါတယ်။ Music စတိုင်လ်တစ်ခုနဲ့ထွက်လာတဲ့ ပုံစံတစ်ခုဖြစ်တယ်။ အားတီက ပုံစံတစ်ခု ချိုးထားတဲ့အတွက် ပရိတ်သတ်တွေ သဘောကျမယ့်အခွေလို့ ယုံကြည်ပါတယ်။ ဒီအခွေက ခါတိုင်းလိုမျိုး ပုံစံမဟုတ်တဲ့အတွက် သင်္ကြန်မှာကဲလို့ရအောင် ထွက်လာတဲ့သဘောပါ။” ဟု ကိုဘိုစန်းကပြောသည်။
အခွေထဲတွင် EDM Music အနွယ်ဝင် သီချင်းစုစုပေါင်း ရ ပုဒ်ပါမည်ဖြစ်ပြီး အင်္ဂလိပ်သီချင်းနှစ်ပုဒ်ပါဝင်သည်။ စပွန်ဆာကင်းမဲ့သည့်အခွေဟုလည်း တေးသံရှင်အားတီမှ ပြောသွားသည်။ တေးသံရှင်အားတီ၏ Fat House အခွေ ပရိုမိုးရှင်းကို ဧပြီ ၂ ရက်တွင် လှည်းတန်းစင်တာ၌ ပြုလုပ်သွားမည်ဖြစ်သည်။