မာဆေးဆိုက်ဒ်၊ မတ် ၁၅ ။ ။ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆန်ထားသည့် အဲဗာတန်တိုက်စစ်မှူးလူကာကူကို ပရီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သော မန်ယူနှင့် ချယ်လ်ဆီးတို့က ခေါ်ယူရန် ပြင်ဆင်လျက်ရှိနေကြသည်။
အဲဗာတန်အသင်းသည် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းထားသူလူကာကူကို တစ်ပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ ဖြင့် ၅နှစ် သက်တမ်းရှိ စာချုပ်,ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ လူကာကူ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ကစားသမားအနေဖြင့် အဲဗာတန်နှင့် စာချုပ်သစ်ချုပ်ရန် ၁၀၀ ရာခိုင်နှုန်း နီးပါး သေချာသည်ဟု ဆိုခဲ့သော်လည်း ကစားသမားဘက်မှ ပယ်ချခဲ့ခြင်း ဖြစ်သည်။
လူကာကူက အဲဗာတန်နှင့် လက်ရှိစာချုပ်သက်တမ်းမှာ ၂ နှစ်ခန့် ကျန်ရှိနေသေးသည့်အတွက် စာချုပ်သစ် ကိစ္စအတွက် အလျင်မလိုကြောင်း ပြောဆိုခဲ့သည်။
လူကာကူ၏ယခုနှစ်ရာသီစွမ်းဆောင်ရည်ကြောင့် အသင်းဟောင်းချယ်လ်ဆီးနှင့်မန်ယူတို့အပြင် ဥရောပထိပ်သီးကလပ်များမှ စိတ်ဝင်စားနေကြသည်။ ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်တွင် ကစားရန် ဆန္ဒရှိနေသည်။
ရည်ညွှန်း - သည်ဆန်း