၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ဘယ်အနုပညာရှင်တွေ အကယ်ဒမီဆု ဆွတ်ခူးနိုင်မလဲဆိုတာ ပြည်သူတစ်ချို့ရဲ့ သဘောထားအမြင်တွေကို မဇ္စျိမသတင်းထောက် ဒေါင်းလူက စုစည်းတင်ဆက်ထားပါတယ်။
ကိုထက်ကိုကို(သဘောင်္သား)
“ ကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့ မြင့်မြတ်နဲ့ကျော်သူကို မှန်းပါတယ်။”
မသဥ္ဖာ
“ပြေတီဦးတော့ ရမယ်ထင်တယ်။ အမျိုးသမီးထဲကဆိုရင်တော့ အိန္ဒြာကျော်ဇင်တော့ ရမယ်ထင်တယ်။”
မအိအိခိုင်(ကုမ္ပဏီဝန်ထမ်း) ဒဂုံမြို့နယ်။
“အခုလက်ရှိအနေအထား ဇာတ်ကားတွေကြည့်ရသလောက်တော့ မြင့်မြတ်ကို မှန်းထားတယ်။ မြင့်မြတ်ရဲ့ သရုပ်ဆောင်ချက်လေးတွေ ကောင်းတယ်။ အစ်မကတော့ သူ့ကိုရစေချင်တာပေါ့။ အမျိုးသမီးထဲမှာတော့ မသက်မွန်မြင့်ပေါ့လေ။ သူသရုပ်ဆောင်တာလေးတွေလည်း ကောင်းတာပဲ။
မစန္ဒီ(ကျောင်းသူ) သာကေတမြို့နယ်။
“အမျိုးသမီးကတော့ အေးမြတ်သူ၊ အမျိုးသားကတော့ မြင့်မြတ် နဲ့စိုင်းစိုင်းခမ်းလှိုင် သူတို့ကို ရစေချင်တယ်”
မသီတာ (ကုမ္ပဏီဝန်ထမ်း) တောင်ဒဂုံမြို့နယ်
“ကျွန်မကတော့ ဦးခင်လှိုင်ကြီး ရမယ်ထင်တယ်။ မင်းသမီးထဲကဆိုရင် ၀တ်မှုံရွှေရည် နဲ့ သက်မွန်မြင့် ထင်တာပဲ။ မင်းသားအနေနဲ့ကတော့ နေမင်းနဲ့ မြင့်မြတ်လို့ ထင်တယ်။ ကိုယ်ကြည့်ရသမျှ အားရတာပြောတာ။”
မထက်ထက်လင်း(ကျောင်းသူ) တောင်ဒဂုံ
“မြင့်မြတ်တို့ နေတိုးတို့တော့ ရစေချင်တယ်။ မင်းသမီးထဲမှာတော့ အေးမြတ်သူတို့ ဖွေးဖွေးတို့ ရစေချင်တာပေါ့။”
မအေးအေးမာ(ကျောင်းသူ) တောင်ဒဂုံ
“မင်းသားဆိုရင်တော့ မြင့်မြတ်ပေါ့။ လူရွှင်တော်ထဲကတော့ ခင်လှိုင်၊ မင်းသမီးကတော့ အေးမြတ်သူကားတွေ များတော့ သူပဲရမယ်ထင်တယ်။”