မင်းသားယူးအာအင်သည် စစ်မှုထမ်းဆောင်ရန်အတွက် မကြာခင်တွင် လေးကြိမ်မြောက် ပြန်လည်ဆေးစစ်မှု ကိုခံယူတော့မည်ဖြစ်သည်။
ယူးအာအင်၏ အေဂျင်စီဖြစ်သော ယူအေအေမှ “လာမည့်မတ်လ၁၅ရက်နေ့တွင် ယူးအာအင်သည် စစ်မှုထမ်းဖို့ စာရင်းပေးသွင်းရန်အတွက် သူ၏ လေးကြိမ်မြောက် ပြန်လည်ဆေးစစ်မှုကို ခံယူတော့မှာဖြစ်ပါတယ်” ဟု ကြေညာခဲ့သည်။
ပြီးခဲ့သောဒီဇင်ဘာလက ယူးအာအင်၏ အေဂျင်စီသည် သူ၏ စစ်ထဲဝင်ရန် စာရင်းပေးသွင်းခြင်းနှင့် ပက်သက်၍ ပြောခဲ့ပြီး “ယူးအာအင်သည် စစ်မှုထမ်းတာဝန်မှ တတိယအကြိမ် ဆိုင်းငံ့ခံထားရပြီး လောလောဆယ်တွင် သူဟာ နောက်တစ်ကြိမ် စာရင်းပေးသွင်းရန်အတွက် ထူထူထောင်ထောင်ဖြစ်နေစေဖို့ ကုသမှုများ ခံယူလျက်ရှိ ပါတယ်” ဟု ဆိုခဲ့ဖူးသည်။
ယူးအာအင်က သူ၏ အေဂျင်စီမှ ထုတ်ပြန်ချက်အတိုင်း ပြောကြားခဲ့ပြီး “အရှုပ်အထွေးတွေကြောင့် စိတ်ပျက်ခဲ့ရ သော လူတွေရဲ့စိုးရိမ်မှုတွေကို ပျောက်ကွယ်သွားစေဖို့ ကျနော်ကြိုးစားမှာပါ။ တိုင်းပြည်ရဲ့ ပြည်သူတစ်ယောက် အနေနဲ့ ကျနော့်ရဲ့တာဝန်ကို ထမ်းဆောင်မှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
Ref: Soompi