တနင်္လာနေ့မနက်ပိုင်းက မြောက်ကိုရီးယားမှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၄ ခုအနက် ၃ ခုမှာ ဂျပန်ရေပိုက်နက်ထဲမှာ ကျရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။
"ဒီကနေ့ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ တပြိုင်တည်းနီးပါး ပစ်ခတ်လိုက်ပြီး ဒုံးကျည်များဟာ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀)အကွာခန့်ကနေ ပျံသန်းခဲ့ပါတယ်"လို့ ရှင်ဇိုအာဘေးက ပါလီမန်မှာ ပြောကြားပါတယ်။
"ဒုံးကျည် ၄ ခုအနက် ၃ ခုဟာ ကျနော်တို့ နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံထဲ ကျရောက်ခဲ့ပါတယ်"လို့ အာဘေးက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ရ နာရီ ၃၆ မိနစ်က မြောက်ကိုရီးယား အနောက်မြောက်ဘက် ကမ်းရိုးတန်းပေါ်က Tongchang-ri ဒေသမှ အရှေ့ပင်လယ်ဆီ ဦးတည်ပြီး ပစ်လွှတ်ခဲ့တယ်လို့ Yonhap သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
© AFP, EFE_EPA