ဖေဖော်ဝါရီ ၉၊ ဘယ်လ်ဂျီယံ။ ။ မန်စီးတီးအသင်းမှ အသက် ၂၅ နှစ်အရွယ် ကီဗင်ဒီဘရိုင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက်ချယ်လ်ဆီးအသင်းမှ ဟာဇက်ကို ကျော်ကာ ပြည်ပရောက် အကောင်းဆုံး ဘယ်လ်ဂျီယံဘောလုံးသမားဆု ရရှိသွားသည်။
ဒီဘရိုင်းသည် ၂၀၁၅ သြဂုတ်တွင် ဝုဖ်ဘတ်မှပေါင် ၅၄ သန်းဖြင့်ပြောင်းလာပြီးနောက် အီတီဟတ်တွင် လျှင်မြန်စွာအခြေကျကာ ဘဝစတင်ခဲ့သည်။
အမိမြေဘယ်လ်ဂျီယံတွင်ကျင်းပသော ရွှေဖိနပ် Golden Boot ဆုပေးပွဲအခမ်းအနားသို့ ကွင်းလယ်ကစားသမား ဒီဘရိုင်း တက်ရောက်ခဲ့ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း လက်ထောက်နည်းပြအွန်နရီ၏ ဆုပေးမှုကို ကိုယ်တိုင်လက်ခံယူခဲ့သည်။
၎င်းအနေဖြင့် ယင်းဆုကို နှစ်နှစ်ဆက်တိုက်ရရှိခြင်းဖြစ်ပြီး ပြည်ပရောက် အကောင်းဆုံးဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား တစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့သည်။
ဒီဘရိုင်းသည် ချယ်လ်ဆီးကစားသမားနှစ်ဦးဖြစ်သည့် ဟာဇက်နှင့် တီဘော့ ကော့တွိုက်စ်၊ လီဗာပူးလ်တိုက်စစ်မှူး အိုရီဂီ၊ စပါး နောက်ခံလူ အယ်လ်ဒါဝီရာတို့ကိုကျော်ဖြတ်ပြီး ဆုရခဲ့ခြင်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ်ကစားသမားသည် လက်ရှိရာသီမန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲတွင် ၂၃ ပွဲပါဝင်ကစား ထားပြီး လေးဂိုးသွင်းယူထားသည်။
Ref; Daily Mail