ဇန်နဝါရီ ၁၃ ။ ။ အွန်လိုင်းမှ လက်လီရောင်းချသောဝက်ဘ်ဆိုက်ဖြစ်သည့် Amazon မှ အိန္ဒိယနိုင်ငံ အလံပုံစံဖြင့် ထုတ်လုပ်ရောင်းချ သော ခြေသုတ်ဖုံများကို ၎င်းတို့ရဲ့ ကနေဒါလက်ခွဲ ဝက်ဘ်ဆိုက်ပေါ်တွင် တင်ရောင်းမိသည့် အတွက် တောင်းပန်ခဲ့ သည်။
အမေဇုန်ဟာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ၎င်းရဲ့ ဝက်ဘ်ဆိုက်မှ ထိုကုန်ပစ္စည်းအား ပြန်လည်ဖယ်ရှားခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆုရှ်မာဆွာရဂျ်ရဲ့ ထိုလုပ်ငန်းစုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြီး နောက်တစ်ရက်မှာတော့ တရားဝင်တောင်းပန်ခဲ့သည်။
မစ္စဆွာရဂျ်က တွစ်တာပေါ်၌ အကယ်၍ Amazon ၏ တာဝန်ရှိသူများဟာ တောင်းပန်ဖို့ ပျက်ကွက်ခဲ့ပါက ၎င်းတို့နိုင်ငံအတွင်းမှ Amazon တာဝန်ရှိသူများ၏ ဗီဇာကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။
နိုင်ငံတော်အလံအား မလေးစားသော အပြုအမူများပြုလုပ်ပါက အိန္ဒိယနိုင်ငံတွင် ငွေဒဏ်တပ်ခြင်းနှင့် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်သည်အထိ အပြစ်ပေးနိုင်သည်။
Ref: BBC