ဖလောရီဒါလေဆိပ်၌ လူအများအပြားကိုသေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှုကိုကျူးလွန်ခဲ့သည်ဟုသံသယရှိရ သော အမျိုးသားတစ်ဦးအား အစိုးရရှေ့နေများကတရားစွဲဆိုထားသည်။
အက်စ်တီဘန်ဆန်တီယာဂို အမည်ရှိ အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ လူငါးဦးကိုသေဆုံးစေခဲ့ပြီး အခြားလူခြောက်ဦးကိုဒဏ်ရာရရှိစေခဲ့သော ဖော့လော့ဒါဒယ်လေဆိပ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင်ကျူးလွန် ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
သူဟာ လူအများအပြားကိုသေဆုံးစေခဲ့သော နိုင်ငံတကာလေဆိပ်၌အကြမ်းဖက်တိုက်ခိုက်မှုအတွက် စွဲချက် တင်ခံထားရပြီး အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် သေဒဏ်ချမှတ်ခံရနိုင်သည်။
ယခုလက်ရှိတွင်ထိန်းသိမ်းခံထားရသော မစ္စတာဆန်တီယာဂိုက ကိုယ်စားလှယ်များအား သူဟာယခုလို တိုက်ခိုက်ဖို့အတွက်ကြိုတင်စီမံထားခဲ့ပြီး ဖော့လော့ဒါဒယ်လေဆိပ်သို့ အသွားခရီးအတွက်သာ လက်မှတ် ဖြတ်ထားခဲ့တယ်လို့ပြောခဲ့ကြောင်း သိရသည်။
အာဏာပိုင်များကတော့ သူတို့ဟာ မစ္စတာဆန်တီယာဂိုက နိုင်ငံတကာလေဆိပ်အားဘာကြောင့်ပစ်မှတ်ထား ရွေးချယ်ခဲ့သလဲဆိုတာကိုမသိကြောင်းနှင့် အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်သလားဆို တာကိုလည်း စဉ်းစားသွားမှာဖြစ်ကြောင်း ပြောခဲ့သည်။
Ref: BBC