ဇန်နဝါရီ ၄ ။ ။ သြစတြေးလျနိုင်ငံတွင် ငါးဖမ်းသမားတစ်ဦး ပင်လယ်ပြင်တွင် တစ်ဦးတည်း ငါးမျှားနေရင်း အရွယ်အစားကြီးမားသည့် ငါးကြီးတစ်ကောင်ကို မိခဲ့ရာမှ ငါးကြီး၏ ဆွဲခေါ်ရာနောက်သို့ အားမသန်ဘဲ ပါသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းနောက် ၎င်းမှာ ဝေးလံခေါင်းပါးပြီး ငါးမန်းများ ကျက်စားရာ အေးခဲသည့် ရေပြင်သို့ ရောက်ရှိသွားပြီး ယင်းနေရာတွင် နာရီပေါင်းများစွာကြာ ကူးခတ်နေခဲ့ရပြီးမှ ကယ်ဆယ်ရေးသမားများက တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၀ အရွယ် ၎င်းငါးဖမ်းသမားအမျိုးသားမှာ ဇန်နဝါရီလ ၃ ရက်က သြစတြေးလျအနောက်ပိုင်းပြင်ပ ရေမိုင် ၃၀ အကွာပင်လယ်ပြင်တွင် တစ်ကိုယ်တည်း ငါးဖမ်းနေခဲ့ရာမှ ၎င်း၏ ငါးများချိတ်တွင် အလေးချိန် ၄၀၀ ကီလိုဂရမ် ( ၈၈၁ ပေါင်) ကျော်သည့် ငါးကြီးလာမိနေခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ငါးမှာ အဆမတန် ကြီးမားလွန်းသဖြင့် ငါးဆွဲခေါ်ရာနောက်သို့ ၎င်းပါ ပါသွားခဲ့ပြီး ၎င်း၏လှေမှာလည်း လူမပါဘဲ မျောပါသွားခဲ့ရသည်။ နောက်ပိုင်း ၎င်းမှာ ငါးမန်းများ ကျက်စားရာ အရပ်သို့ပါ ရောက်ရှိသွားပြီး ခြောက်နာရီကြာ ကူးခတ်နေရပြီး တစ်စုံတစ်ရာ အန္တရာယ်မဖြစ်ဘဲ လွတ်မြောက်နိုင်ခဲ့သည်ဟု သိရသည်။
အခြားသော ငါးဖမ်းသမားများက လူမပါသည့် လှေကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြာကာ ၎င်းအား လိုက်လံရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
" ဒီလူ ကံအင်မတန် ကောင်းလို့ ခုလိုအသက်ရှင်နိုင်တာပါ" ဟု ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောသည်။