Lady Gaga ဟာ အမေရိကရဲ့သမ္မတရွေးကောက်ပွဲ ရလာဒ်အပြီး ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ Trump မျှော်စင်ရှေ့ကိုဆန္ဒပြဖို့ရောက်လာခဲ့ပါတယ်။
ဟီလာရီကလင်တန်ရဲ့ထောက်ခံသူအဖြစ်ရော “Bad Romance” သီချင်းပိုင်ရှင်အဖြစ်ပါ လူသိများတဲ့သူမဟာ ဒေါ်နယ်ထရမ့်ရဲ့အဆောက်အဦးရှေ့က မိလ္လာကားပေါ်မှာ ရပ်ပြီးတော့ “Love Trumps Hate”လို့ ရေးထားတဲ့ ဆိုင်းပုဒ်ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
Trump သမ္မတရွေးကောက်ပွဲမှာ နိုင်သွားပြီးတဲ့နောက် Gaga ဟာ တွစ်တာပေါ်မှာလည်း “ ကြင်နာမှု၊တန်းတူညီမျှမှု၊မေတ္တာတွေနဲ့ရပ်တည်ကြပါ၊ ငါတို့ကိုဘယ်အရာမှ မရပ်တန့်နိုင်ပါဘူး၊ အမေရိကားအတွက် ဆုတောင်းပေးကြပါ”လို့ ရေးခဲ့ပါသေးတယ်။
Gaga ဟာ ပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းက ကလင်တန်ရဲ့မဲဆွယ်စည်းရုံးရေးအတွက်ကူညီခဲ့ပြီး သူမဟာ ကလင်တန်ရဲ့အားသာချက်တွေ အားကောင်းချက်တွေကို လူထုကိုပြောကြားပေးခဲ့သူဖြစ်ပါတယ်။