ပိတ်ရက်မှာ အတိုးချအိပ်မယ်လို့ ကြံထားတဲ့ပရိတ်သတ်ကြီးအတွက် အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
(၁) နာကျင်မှုလျော့နည်းစေတယ်
အိပ်ရေးဝဝအိပ်ခြင်းဟာ နာကျင်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
(၂) အန္တရာယ်ကင်းစေတယ်
အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆဖြစ်မှု ငါးခုမှာ တစ်ခုက အိပ်ငိုက်ပြီး ကားမောင်းတာကြောင့်လို့ ဆိုပါတယ်။ လှေကားပေါ်က ခြေချော်ကျတာမျိုး၊
ဟင်းသီးဟင်းရွက်လှီးရင်း ဓားရှတာမျိုးတွေဟာ အိပ်ရေးမဝတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။
(၃) စိတ်ခံစားမှု ပိုကောင်းစေတယ်
အိပ်ရေးဝဝ အိပ်စက်ထားတဲ့အခါ ခေါင်းကြည်နေပြီး စိတ်ခံစားမှုတွေ ကောင်းနေမှာဖြစ်ပါတယ်။ အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်နေရင်တော့ တခြားသူတွေထက် စိတ်ခံစား ပိုလွယ်နေပါလိမ့်မယ်။(၄) ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်
အိပ်ရေးဝဝအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ရေးမဝတဲ့သူတွေဟာ အိပ်ရေးဝတဲ့သူတွေ ထက်စာရင် ဗိုက်ပိုဆာတတ်ကြတာကြောင့်ပါ။
(၅) အတွေးရှင်းစေတယ်
အိပ်ရေးဝခြင်းဟာ သင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို တိုးမြှင့်စေပါတယ်။
(၆) မှတ်ဉာဏ်ကိုပိုမြင့်စေတယ်
အိပ်ရေးဝတဲ့သူတစ်ယောက်ဟာ မှတ်မိနိုင်စွမ်း ပိုမြင့်မားလေ့ရှိကြပါတယ်။
(၇) ကိုယ်ခံစွမ်းအားပိုကောင်းလာစေတယ်
အိပ်ရေးမဝတဲ့သူတွေက အိပ်ရေးဝတဲ့သူတွေထက်စာရင် အအေးမိလွယ်တယ်လို့ ဆိုပါတယ်။
(၈) ပိုပျော်ရွှင်စေတယ်
အိပ်ရေးဝဝအိပ်ခြင်းဟာ အားအင်ပိုမိုပြည့်စေပြီး ပျော်ရွှင်စေတာကြောင့် စိတ်ဖိစီးမှုကနေ သက်သာစေပါတယ်။
(၉) ဆွဲဆောင်မှုရှိစေတယ်
အိပ်ရေးဝတဲ့ သူတစ်ယောက်အဖို့ မျက်ကွင်းညိုတဲ့ ပြဿနာတွေ၊ အသားအရေ မည်းညစ်မှုတွေကို ရင်ဆိုင်စရာ မလိုတော့ပါဘူး။ ဒါ့အပြင် ဝက်ခြံ၊ ပါးရေတွန့်ုခြင်းနဲ့
ဆံပင်ကျန်းမာရေးတို့နဲ့ ပက်သက်ပြီးတော့လည်း စိတ်ပူစရာ မလိုတော့ပါဘူး။
ဒီအချက်လေးတွေကြောင့် များများသာ အိပ်ပါလို့ ;)