ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူခဲ့ပြီးနောက် နူးကမ့်မှာ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေစေမယ့် (၅) နှစ် စာချုပ်သစ်ကို နောက်ဆုံးမှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ စာချုပ်ပါလျော်ကြေးကို ယူရိုသန်း ၂၀၀ (ပေါင်သန်း ၁၇၈) သို့ ဇူလိုင်လမှာ တိုးမြှင့်ဖို့ သဘောတူညီခဲ့သလို ဒုတိယနှစ်မှာ ယူရိုသန်း ၂၂၂ (ပေါင်သန်း ၂၀၀) နှင့် နောက်ဆုံး သုံးနှစ်အတွက် ယူရိုသန်း ၂၅၀ အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နေမာအနေနဲ့ လာမယ့် (၅)ရာသီအတွင်း အခွန်မနုတ်မီ လုပ်ခအဖြစ် စုစုပေါင်း ယူရို (၁၁၅)သန်းအထိ ရရှိမှာဖြစ်တယ်လို့
သိရပါတယ်။
နေမာဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာကို ပြောင်းရွှေ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲ (၁၅၀) မှာ ဂိုး (၉၁) ဂိုး သွင်းယူခဲ့ပါတယ်။
"နေမာရဲ့ သက်တမ်းတိုးစာချုပ်က သတင်းကောင်းပါ"လို့ ဘာစီလိုနာ နည်းပြ အန်းနရစ်က ပြောပါတယ်။
နေမာဟာ လက်ရှိမှာ ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါအမှတ်ပေးဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နှင့် စပိန်ဘုရင့်ဖလား ၂ ကြိမ် ဆွတ်ခူးရရှိထားပါတယ်။
Ref; BBC