အောက်တိုဘာ ၆၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်သည် နည်းပြကွန်တီလိုချင်နေသည့် နောက်ခံလူကိုခေါ်ခွင့်ပြုခဲ့ရာ ဇန်နဝါရီအပြောင်း အရွှေ့အတွင်း ဘိုနုချီကိုပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းဖွယ်ရှိနေသည်။
နွေရာသီအတွင်းက ပေါင်သန်း ၃၀ ဖြင့်ခေါ်ယူခဲ့သည့် ဒေးဗစ်လုဇ်သည် နောက်တန်းတွင် တယ်ရီနှင့်ပြိုင်ဆိုင်နေပြီး ကားဟေးလ် သည်လည်း အဓိက ကစားသမားအဖြစ်ရှိနေသည့်တိုင် ဂျူဗင်တပ်ကစားသမားကို ခေါ်ယူလိုနေခြင်းဖြစ်သည်။ ပေါင်သန်း ၆၀ ဆို သည်မှာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။
စက်တင်ဘာအတွင်း ဆွမ်ဆီးကိုသရေကျပြီး လီဗာပူးလ်နှင့်အာဆင်နယ်တို့ကိုရှုံးပြီးနောက် ရုရှဘီလျံနာ အေဘရာမိုဗစ်သည် ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ရေးကွင်းတွင် အချိန်ပေးဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
အောက်တိုဘာအတွင်းကစားသည့် ပထမဆုံးပွဲတွင် ဟားလ်စီးတီးကို ဂိုးမပေးရဘဲအနိုင်ရခဲ့သည့်တိုင် အီတလီလက်ရွေးစင် နောက်တန်းလူကို ချယ်လ်ဆီးအသင်းကလိုချင်နေဆဲဖြစ်ပြီး ဘိုနုချီမှာ မန်စီးတီးနည်းပြဂွာဒီယိုလာအကြိုက် ကစားသမားတစ်ဦး လည်းဖြစ်သည်။
ဗဟိုနောက်ခံလူဘိုနုချီသည် ဂျူဗင်တပ်အသင်းတွင် ကွန်တီနှင့်သုံးနှစ်ကြာအလုပ်တွဲလုပ်ဖူးခဲ့ပြီး အီတလီလက်ရွေးစင်အသင်းကို ကွန်တီကိုင်တွယ်စဉ်ကလည်း အားထားရသည့်ကစားသမားဖြစ်ခဲ့သည်။
Ref; The Sun