ဘန်ကောက်၊ စက်တင်ဘာ ၂၅ ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဆာဒါး မြို့နယ်အတွင်းရှိ ရာဘာစိုက်ခင်းတစ်ခုအတွင်း တရားဝင်နေထိုင်ခွင့်အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်ဦးကို ရဲများက စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့သည်။
အလုပ်သမားပွဲစားများက အဆိုပါ အလုပ်သမားများအား မလေးရှားသို့ မပို့မီ ယင်းရာဘာခြံတွင် ခေတ္တထားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီခန့်က ယခုကဲ့သို့ ဖမ်းဆီးစဉ် တစ်ဦးမှာ လွတ်မြောက်ထွက်ပြေးသွားကြောင်း သိရသည်။ အလုပ်သမားပွဲစားက ၎င်းတို့ထံမှ ငွေကြေးကောက်ခံခြင်းမရှိသေးကြောင်း အဖမ်းခံရသူတစ်ဦးက ပြောကြားသည်။ ယခုအခါ ၎င်းတို့အား နေရပ်သို့ ပြန်မပို့ခင် ဆာဒါးရဲစခန်းတွင် ထိန်းသိမ်းထားသည်။