သြဂုတ်လ (၂၄) ရက်နေ့က (၆.၈) အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံရှိ ရှေးဟောင်း ဘုရားပုထိုး စေတီများ ပျက်စီးမှုအရေအတွက်မှာ (၃၉၇) အထိ ရှိလာကြောင်း အာဏာပိုင်းများအဆိုအရ သိရပါတယ်။
ပြန်လည်ပြုပြင် မွမ်းမံမှုဟာ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းလွင်က မြန်မာတိုင်းမ်စ်ကို ပြောပါတယ်။
ခရီးသွားများ အဓိက ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ နေဝင်၊ နေထွက် စောင့်ကြည့်ရှုရန် အကျော်ကြားဆုံး ဘုရားစေတီအချို့ပေါ်တက်ရောက်ခွင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ယာယီပိတ်ပင်ထားပါတယ်။
(၉) ရာစုနှင့် (၁၃) ရာစုအကြားက ရှေးဟောင်း ပုဂံမြို့တော်ဟာ စတုရန်းကီလိုမီတာ (၄၀) ခန့် ဧရိယာပေါ်မှာ သမိုင်းဝင် ဘုရားပုထိုး စေတီ (၃၀၀၀) ကျော် ရှိခဲ့ပါတယ်။
Ref; EFE