ဟနွိုင်း၊ သြဂုတ် ၁၅ ။ ။ ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် ယမန်နှစ်ပမာဏအောက် ၂၇ ရာခိုင်နှုန်း လျော့ကျကာ တန်ချိန် ၄ ဒသမ ၇၅ သန်းသာ တင်ပို့နိုင်တော့မည်ဟု စားသောက်ကုန် လုပ်ငန်းအသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။
ယင်းပမာဏသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးပမာဏဖြစ်သည်။ အာရှနှင့် အာဖရိကတိုက်များမှ ဆန်ဝယ်လိုအားကျဆင်းမှုနှင့် ထိုင်းအစိုးရက အရန်ဆန်ထုတ်ရောင်းမှုများ ကြောင့် ဗီယက်နမ်အနေဖြင့် ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျနိုင်ခြင်းဖြစ်ကြောင်း ဗီယက်နမ်အီကော်နော်မစ်တိုင်းမ်းသတင်းစာက ဖော်ပြခဲ့သည်။