စပိန်လာလီဂါကလပ် ဗလင်စီယာရဲ့ ယူရိုချန်ပီယံ ပေါ်တူဂီ လက်ရွေးစင်ကစားသမား အန်ဒရေ ဂိုမက်စ်ဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားကြောင်း ဗလင်စီယာအသင်းက ဗုဒ္ဓဟူးက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမား ဂိုမက်စ်ကို ပေါင် (၄၁.၇) သန်းနဲ့ ခေါ်ယူ စာချုပ်လိုက်တာဖြစ်ပါတယ်။
ဂိုမက်စ်ဟာ ကစားသမားဘဝကို ဘင်ဖီကာအသင်းမှာ စတင်အခြေချခဲ့ပါတယ်။ ဂိုမက်စ်ကို ဗလင်စီယာအသင်းထံ တစ်ရာသီ အငှားချထားပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ဗလင်စီယာက အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။
အသက် (၂၂) နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် ဂိုမက်စ်က ပြီးခဲ့တဲ့ရာသီက ဗလန်စီယာအသင်းမှာ (၄၁) ပွဲ ကစားခဲ့ပြီး ပြိုင်ပွဲစုံမှာ (၅) ဂိုး သွင်းယူပေးထားခဲ့သူ ဖြစ်ပါတယ်။
ဂိုမက်စ်ဟာ ဒန်းနစ်ဆွာရက်ဇ်၊ အွန်တီတီနှင့် ဒစ်နီတို့ပြီးနောက် ယခုနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းခေါ်ယူတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချယ်ဆီးတို့ကလည်း ကမ်းလှမ်းခဲ့ပေမယ့် ဂိုမက်ဇ်က စပိန် ဘာစီလိုနာအသင်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။
"ဘာစီလိုနာအသင်းမှာ လေ့လာ သင်ယူပြီး ကစားမယ်။ တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းတွေနဲ့ အသင်းကို ကူညီသွားမယ်"လို့ ဂိုမက်ဇ်က ပြောပါတယ်။
Ref; EPA, The Sun