ဆိုးလ် ၊ ဇွန် ၂ ။ ။ တောင်ကိုရီးယား မင်းသမီး ဟန်ဂျီမင် tvN ရုပ်သံ၏ ဒရမ်မာဇာတ်ကားသစ် “With You Tomorrow” တွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း tvN ရုပ်သံဌာန၏ ကိုယ်စားလှယ်က ပြောကြားသည်။
“ဟန်ဂျီမင်ဟာ tvN ရုပ်သံရဲ့ ဒရမ်မာဇာတ်ကားသစ် ‘With You Tomorrow’ မှာ ပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီဇာတ် ကားဟာ ခရီးသွားတစ်ယောက်နဲ့ သူရဲ့ ဇနီးဖြစ်သူတို့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ စက်တင်ဘာလမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်” ဟု tvN ရုပ်သံဌာန၏ ကိုယ်စားလှယ်က ပြောကြားသည်။
ဟန်ဂျီမင်သည် ၂၀၁၅ ခုနှစ်က “ Hyde , Jekyll , and Me” ဒရမ်မာဇာတ်ကားတွင် နောက်ဆုံး ပါဝင် သရုပ်ဆောင်ခဲ့ကြောင်းနှင့် ပရိတ်သတ်အများအပြားသည် ဒရမ်မာဇာတ်ကားတွင် မကြာမီ ပြန်လည် သရုပ်ဆောင်မည့် ဟန်ဂျီမင်ကို တွေ့မြင်လိုကြသည်။