မေ ၅၊ မက်ဒရစ် ။ ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ရီးယဲလ်အသင်းကို ဘာနေဗျူးကွင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ရီးယဲလ်အသင်းကို ကံကြမ္မာ မျက်နှာသာပေးခဲ့သည်ဟု ပြောဆိုလိုက်သည်။
ရီးယဲလ်အသင်းရရှိခဲ့သည့် အဖိုးတန်အနိုင်ဂိုးမှာ ဂါရတ်ဘေးက ဂိုးရှေ့သို့ ဖြတ်တင်ပေးရာတွင် ဖာနန်ဒိုနှင့်ထိပြီး မန်စီးတီးဂိုးသမား ဂျိုးဟတ်၏ အဝေးထောင့်တိုင်ကို ထိကာ ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။
ပယ်လီဂရီနီက ၎င်း၏အသင်းနေဖြင့် အခွင့်အရေးများ မဖန်တီးနိုင်ခဲ့သည်ကို ဝန်ခံခဲ့သော်လည်း မန်ချက်စတာနှင့် မက်ဒရစ်တွင် ကစားခဲ့သော ခြေစွမ်းများအရ နှစ်သင်းစလုံး ဖိုင်နယ်တက်ရန် မထိုက်တန်ကြောင်း ပြောဆိုလိုက်သည်။
'ရီးယဲလ်အသင်းရခဲ့တဲ့ ဂိုးက အလွန်ကံကောင်းလို့ ရခဲ့တာပါ။ ကျွန်တော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး။ ဘောလုံးက ဖာနန်ဒိုနဲ့ ထိပြီး အပေါ်ထောင့်ထဲကို တန်းတန်းမတ်မတ်သွားခဲ့ပါတယ်။
ဒီဂိုးက သူတို့ကို ကောင်းကောင်းကစားနိုင်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ ပထမအကျော့နဲ့ တော်တော်တူပါတယ်။
ကျွန်တော်တို့ တောင့်တင်းတဲ့ အသင်းနဲ့ ကစားခဲ့တာပါ။ ဘယ်အသင်းမှ ကျွန်တော်တို့ထက် ပိုမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းဖို့တော့ လိုအပ်ခဲ့ပါတယ်။ ဒါက ဆင်ခြေပေးတာမဟုတ်ပါဘူး။ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဗိုလ်လုပွဲ မတက်နိုင်ခဲ့တာပါ။
ကံကြမ္မာကောင်းဆိုတာ အမြဲလိုအပ်ပါတယ်။ ရီးယဲလ်ကတော့ ကံကောင်းခဲ့ပါတယ်' ဟု ပယ်လီဂရီနီက ပြောဆိုခဲ့သည်။
Ref: Sky Sport