မေ ၂၊ မီလန် ။ ။ လာဇီယိုအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် အင်တာမီလန်အသင်းနည်းပြ မန်စီနီက ၎င်းတို့အသင်းမှာ အရည်အချင်းကင်းမဲ့ပြီး အရှုံးရလဒ်ဖြင့် ထိုက်တန်ကြောင်း ပြောဆိုလိုက်သည်။
အင်တာအသင်းသည် လာဇီယိုကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ် ၂ ပွဲ လိုသေးသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ဆုံးရှုံးရန် သေချာသွားခဲ့ရသည်။
' ကျွန်တော်တို့ အရှုံးနဲ့ထိုက်တန်ပါတယ်။ အထူးသဖြင့် ပထမပိုင်း မိနစ် ၂၀ မှာကတည်းက အသင်းက ကြောက်ရွံ့ နေခဲ့ပါတယ်။ လာဇီယိုအသင်းရဲ့ အမှားကနေ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသင်းက အာရုံစူးစိုက်မှု လျော့နည်းပြီး အရည်အချင်းကင်းမဲ့နေခဲ့ပါတယ်။
ကျွန်တော်တို့အတွက် ပုံမှန်အတိုင်း ဂိုးတစ်ဂိုးရဖို့တောင် တော်တော် ခက်ခဲနေပါတယ်။ ဒီအသင်းက တကယ်ကို အရည်အချင်းကင်းမဲ့နေတာပါ။ ဒီနေ့ပွဲကိုပဲ ကြည့်လိုက်ပါ။ အသင်းလိုက် စည်းလုံးမှုနဲ့ ပုံစံကောင်းရဖို့ နေရာတွေအများကြီးမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။
ဒီပွဲက အဆင့်သုံးနေရာအတွက် မျှော်လင့်ချက် နည်းနည်းလေး ရှိနေတဲ့ပွဲပါ။ ဒီပွဲမှာ နိုင်ခဲ့ပြီး ရိုးမားက ရှုံးခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်မှာပါ။ အဲ့ဒီလို ဖြစ်ရမယ့်အစား အခုတော့ အသင်းရဲ့ စွမ်းဆောင်မှုက သနားစရာကောင်းလောက်အောင် ဖြစ်နေခဲ့ပါတယ်။ နှေးကွေးလေးလံပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းကအစ အားလုံး မှားယွင်းနေခဲ့ပါတယ်' ဟု နည်းပြ မန်စီနီက ဝေဖန်ပြောဆိုခဲ့သည်။
ရည်ညွှန်း ဖွတ်ဘောအီတာလီယာ