ရန်ကုန်၊ မေ ၁ ။ ။ မေဒေးနေ့ အခမ်းအနား အထိမ်းအမှတ် အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံး ကြီး အမျိုးသားသွေးဌာန တွင် ဆန်ဒေးဖောင်ဒေးရှင်းမှ လူအင်အား ၅၀၀ခန့်မှ သွေးလှူဒါန်းပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
“သွေးလှူဒါန်းပွဲကို ခုလုပ်တာနဲ့ဆို ၃ကြိမ်မြောက်ပေါ့၊ ဒီနေ့ပွဲမှာ ကလေး ၄ယောက်လောက် မှုးလဲတာတွေတော့ရှိတာပေါ့ ဒါပေမယ့်အဆင်ပြေပါတယ်”ဟု ဆန်းဒေးဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါ်ရွှေစင်လင်း က မဇ္ဈိမကိုပြောသည်။
သွေးလှူဒါန်းပွဲတွင် ဆန်းဒေးဖောင်းဒေးရှင်းမှ ကုမ္ပဏီဝန်ထမ်း မိသားစု ဝင်များအပါအဝင် ပြင်ပမှ သွေး အလှူရှင်များပါဝင်ခဲ့သည်။