အမေရိကန်ရှိ တိုင်းမ်မဂ္ဂဇင်းမှ နှစ်စဉ် ထုတ်ပြန်နေကျ စာဖတ်သူများအပေါ် စစ်တမ်းကောက်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာတစ်ဝှမ်းရှိ သြဇာ အသက်ရောက်နိုင်ဆုံး လူ (၁၀၀) ဦး စာရင်းကို တိုင်းမ်မဂ္ဂဇင်းမှ ယနေ့ (ဧပြီ ၁၅) ထုတ်ပြန်လိုက်ရာ ဒီမိုကရက်တစ် သမ္မတလောင်း ဘာနီ ဆန်ဒါးစ်က ပထမရရှိပြီး ပြိုင်ဘက် ဟီလာရီ ကလင်တန်မှာ ထိပ်ဆုံးနေရာတွင်ပင် ပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။
ကြာသပတေးနေ့၊ ညသန်ခေါင်းမှာ စစ်တမ်းကောင်ခံမှု ပိတ်သိမ်းချိန်တွင် အမေရိကန် ဒီမိုကရက်တစ် သမ္မတလောင်း ဘာနီ ဆန်ဒါးစ်က ထောက်ခံမှု (Yes) စုစုပေါင်း၏ (၃.၃) ရာခိုင်နှုန်းဖြင့် ပထမနေရာ၊ တောင်ကိုရီးယား တီးဝိုင်းဖြစ်တဲ့ Big Bang က (၂.၉) ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မြန်မာ ခေါင်းဆောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ) မှ ဒေါ်အောင်ဆန်းစုကြည်က (၂.၂) ရာခိုင်နှုန်းဖြင့် တတိယနေရာ ရရှိပြီး စတုတ္ထနေရာကို အမေရိကန် သမ္မတ အိုဘားမားက (၂) ရာခိုင်နှုန်း ရရှိသွားခဲ့ပါတယ်။
ကျန် (၁၀) ဆယ်ယောက် စာရင်းတွင် ပါကစ္စတန်မှ နိုလ်ဘယ်ဆုရှင် မာလာလာ၊ လေဒီဂါဂါ၊ တေလာဆွစ်ဖ်၊ အမေရိကန် သမ္မတကတော် မီချယ် အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်စ္စနှင့် သရုပ်ဆောင် လီယိုနာဒို ဒီကက်ပရီယို ပါဝင်ကြပါတယ်။ ဟီလာရီ ကလင်တန်မှာ ထောက်ခံမှု (၁) ရာခိုင်နှုန်း ရရှိကြောင်း သိရပါတယ်။
Ref; TIME