လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ပေးခြင်းခံရသည့် မြန်မာအလုပ်သမားနှစ်ဦးအတွက် အယူခံလျှောက်ထားရန် ရက်တိုးပေးရေး တတိယမြောက် တင်ပြချက်အား မတ် ၂၃ ရက်က တရားရုံးသို့ တင်ခဲ့သည်။
အမှုအတွက် သက်သေအထောက်အထားများ ပိုမိုရရှိနိုင်ရေးအတွက် ဧပြီ ၂၂ ရက်အထိ အယူခံအား ရက်တိုးပေးရန်အတွက် ကော့စမွီတရားရုံးသို့ တရားခံများရှေ့နေက တင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ရခိုင်လူမျိုးနှစ်ဦးကို လက်ရှိတွင် နက်ခွန်စီတမ်မာရတ် အကျဉ်းထောင်တွင် ထားရှိထားသည်။