မတ် ၂၀၊ မန်ချက်စတာ။ ။ စီရော်နယ်ဒိုကဲ့သို့ ဂိုးသွင်းသူဖြစ်လာရန် လိုအပ်ချက်များရှိနေဟု မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်မှူးမာရှယ်က ဝန်ခံပြောဆို လိုက်သည်။
ပြီးခဲ့သည့်နွေရာသီတွင် မိုနာကိုမှပြောင်းလာသည့် အသက် ၂၀ အရွယ်ကစားသမားအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပေါင် ၆၁ ဒသမ ၅ သန်းအထိ ကုန်ကျရဖွယ်ရှိနေသည်။
၃၈ ပွဲကစားပြီး ၁၂ ဂိုးသွင်းထားသည့် မာရှယ်က ၎င်း၏ဂိုးသွင်းမှတ်တမ်း တိုးတက်ရန်လိုအပ်နေသေးသည်ဟု ဆိုသည်။
"လေ့ကျင့်ခန်းအစီအစဉ်မှာ ပြင်းပြင်းထန်ထန်ကြိုးစားရဦးမယ်။ ဂိုးသွင်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပိုစဉ်းစားဖို့လိုနေသေးတယ်။ ကျွန်တော်က သမရိုးကျကစားရတာကိုကြိုက်လို့ တစ်ခါတလေပွဲထဲမှာ ပျောက်နေတတ်တယ်။
စီရော်နယ်ဒိုလိုကစားသမားမျိုးကတော့ ဂိုးသွင်းဖို့ပဲအာရုံစိုက်ထားတယ်။ တိုးတက်ဖို့ဆိုရင်တော့ ဂိုးသွင်းဖို့ကိုပဲ ကျွန်တော်ပိုစဉ်းစားရမယ်"ဟု မာရှယ်က စကိုင်းစပို့စ်သို့ ပြောသည်။
Ref; goal.com