မင်းသမီး ဂျူလီယာ ရောဘတ် (Julia Roberts) သည် လွန်ခဲ့သော ၁၆ နှစ်က တရားခွင် ဒရာမာဇာတ်ကား Erin Brockovich တွင် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ယခုအခါတွင်လည်း ဂျူလီယာရောဘတ်သည် နောက်ထပ် ဖြစ်ရပ်မှန် မှှုခင်းဇာတ်ကား Train Man တွင် သရုပ်ဆောင်မည်ဖြစ်ကြောင်း Variety မီဒီယာက ဖော်ပြခဲ့သည်။
နယူးယောက်မြို့ရှိ ရထားပို့ဆောင်ရေး ကို အထူးစိတ်ဝင်စားသည့် နာမည်ကျော် တရားခံ Darius McCollum ၏ ရှေ့နေအဖြစ် အသက် ၄၈ နှစ် အရွယ် မင်းသမီး ဂျူလီယာရောဘတ် က သရုပ်ဆောင်ခြင်း ဖြစ်သည်။
အနည်းဆုံး အကြိမ် ၃၀ ခန့် အဖမ်းခံခဲ့ရသူ နာမည်ကျော် Darius McCollum ၏ ရှေ့နေအဖြစ် အော်စကာဆုရှင် မင်းသမီးက သရုပ်ဆောင်မည် ဖြစ်သည်။
McCollum ၏ အမှှုများထဲတွင် ရထား နှင့် ဘတ်စ်ကားများ ခိုးမှှု၊ သယ်ယူပို့ဆောင်ရေး အရာရှိ အသွင် အယောင်ဆောင်မှှု စသည်တို့ ပါဝင်သည်။
အက်စ်ပါဂါ ဆင်ဒရုမ်း ဝေဒနာရှင် McCollum သည် ရထားများအကြောင်းကို ငယ်စဉ်ကတည်း က အလွန်အကျွံ စွဲလမ်းနေသူဖြစ်ကာ နယူးယောက်မြို့၏ မြေအောက်မီးရထားလမ်း မြေပုံကို အသက် ရှစ်နှစ်ကတည်းက အလွတ်ရနေသူဖြစ်ကြောင်း သိရသည်။