မတ် ၁၆၊ မန်ချက်စတာ။ ။ ပထမအကျော့တွင်လီဗာပူးလ်ကိုနှစ်ဂိုးပြတ်ရှုံးထားသော်လည်း မန်ချက်စတာယူနိုက်တက်အသင်း၏ ယူရိုပါလိဂ်မျှော်လင့်ချက်အဆုံးမသတ် သေးဟု အသင်းခေါင်းဆောင်ရွန်နီက ပြောသည်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ကလော့ပ်၏လီဗာပူးလ်အသင်းသည် စတူးရစ်ချ်၊ ဖာမင်နိုတို့၏ဂိုးများကြောင့် ၂-၀ ဖြင့် အနိုင်ရထားသည်။
မယ်ရာနှင့်အင်တာဗျူးတွင် ရွန်နီက ၎င်း၏အသင်းသည် နောက်တစ်ဆင့်သို့တက်နိုင်လိမ့်မည်ဟုယုံကြည်နေသော်လည်း ခက်ခဲသည့် စမ်းသပ်မှုဟု ပြောသည်။
"လီဗာပူးလ်ကခက်ခဲပေမယ့် နှစ်ဂိုးဆိုတာကတော့ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့မှာကစားသမားကောင်းတွေရှိနေပြီး ပထမဂိုးကအရေးကြီးပါ တယ်။ တကယ်လို့အဖွင့်ဂိုးရခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ပြန်လာနိုင်လိမ့်မယ်"ဟု ရွန်နီက ဆိုသည်။
ရွန်နီသည် ကွင်းတွင်းပြဿနာများနှင့်ရင်ဆိုင်နေရသော ဗန်ဟားလ်၏အသင်းတွင်ပါဝင်နိုင်ဦးမည်မဟုတ်ဘဲ အိုးထရက်ဖို့ဒ်တွင်ကစားမည့် ဒုတိယအကျော့ကိုလွဲချော်မည်ဖြစ်သည်။
သို့သော် ဒဏ်ရာပြဿနာများကိုထားရစ်ပြီး မကြာမီပြန်ကစားနိုင်လိမ့်မည်ဟု အင်္ဂလန်တိုက်စစ်မှူးက ယုံကြည်နေသည်။
Ref; daiymail