One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ် ဗြိတိန်စစ်ကား “Dunkirk” တွင် ပါဝင် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခံရ

One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ် ဗြိတိန်စစ်ကား “Dunkirk” တွင် ပါဝင် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခံရ

နယူးယော့ခ်၊ မတ် ၁၂ ။       ။ One Direction အဖွဲ့ဝင်  ဟယ်ရီစတိုင်လ်သည် ဒါရိုက်တာ ခရစ္စတိုဖာနိုလန်၏ ဗြိတိန်စစ်ပွဲ ရုပ်ရှင်ကား “Dunkirk” တွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဟယ်ရီသည် ယင်းရုပ်ရှင်ကားတွင် ဆာကန်နက်ဘရာနက်၊ တွမ်ဟာ ဒီနှင့် မကြာသေးမီက အော်စကာဆု ရရှိထားသော မက်ခ်ရှိုင်လန်စ်တို့နှင့်အတူ သရုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားသည် ဒုတိယကမ္ဘာစစ်အစတွင် ဒန်ခရစ်ခ်ဒေသ တစ်ဝန်းရှိ ကမ်းခြေများ မှ မဟာမိတ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ကယ်ဆယ်သည့် ၁၉၄၀ ပြည့်နှစ် စစ်ဆင်ရေးအကြောင် ကို ပုံဖော်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။

အဆိုပါရုပ်ရှင်ကားကို ပထမဆုံးအကြိမ် ပြန်လည်ဖန်တီး ရိုက်ကူးခြင်းဖြစ်ပြီး ၁၉၅၈ ခုနှစ်က ရိုက်ကူးခဲ့သော မူလရုပ်ရှင်ကားတွင် ဂျွန်မေးလ်၊ ရစ်ချက်ဒ်အက်တန်ဘော့နှင့် ရောဘတ်ထာဂစ်တို့ ပါဝင် သရုပ်ဆောင်ထားသည်။

နိုလန်သည် ဒစ်ဂျစ်တယ်ပြုလုပ်ချက် အများအပြား အသုံးပြုခြင်းကို ရှောင်ရှားလို့သည့်အတွက် ကြောင့် ရုပ်ရှင်ရိုက်ကူးရာတွင် ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့သော တိုက်သင်္ဘော အစစ်များကို အသုံး ပြုသွားမည်ဟု လွန်ခဲ့သည့်လက သတင်းထွက်ပေါ်ခဲ့သည်။

မေလတွင် ရိုက်ကူးရေး စတင်သွားမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ် အမှန်တစ်ကယ် ဖြစ်ပွားခဲ့သည့် နေရာများတွင် ရိုက်ကူးသွားမည် ဖြစ်သည့်အပြင် တိုက်သင်္ဘောများလည်း အသုံးပြုသွားမည် ဖြစ်သည်။ ရုပ်ရှင်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်လွှင့်ပြသရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required